မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (20)

5.2K 651 38
                                    


ဒေါ်ရွှေအိတို့မိသားစုလေးယောက်သည် အိမ်ရှေ့ခန်းတွင် စက်ဝိုင်းပုံစံထိုင်နေကြပြီး သူတို့၏အလယ်ဗဟိုတွင် ခပ်ကြီးကြီးအိတ်ထုပ်တစ်ထုပ်ရှိသည် ။ အပေါ်ကအိတ်မည်းဖြင့်တစ်ထပ်ထပ်ထားသဖြင့် အတွင်းရှိပစ္စည်းများကိုမမြင်ရ ။ ရွှေရိုးနောင် ထိုအိတ်မည်းထုပ်ကိုဖြည်၍ အတွင်းရှိအကြည်ရောင်ပလတ်စတစ်အိတ်ကို ဆွဲယူလိုက်သည် ။ ထိုအိတ်ထဲတွင်အထည်များနှင့် မုန့်ထုပ်များကို စနစ်တကျထည့်ထား၏ ။

ပါတိတ်နှစ်ထည် ၊ ပုဆိုးလေးထည် ၊ အရွယ်ငယ်သောမိန်းကလေးများကြား လူကြိုက်များနေသည့် အထည်တစ်စနှင့် ချောကလက်ဝေဖာမုန့်ထုပ်ကြီး ။

ဒေါ်ရွှေအိ မျက်နှာသည် အားနာသွားဟန် ။ ရွှေရိုးမောင်ကတော့ ချောကလက်မုန့်ထုပ်ကိုကြည့်၍ အရောင်များတလက်လက် ။ ရွှေရိုးမောင်၏လက်တစ်ဖက်သည် ထိုမုန့်ထုပ်ဆီသို့လှမ်းလာသည့်အခါ ရွှေရိုးနောင် အလိုက်တသိနှင့် ယူပေးလိုက်သည် ။
လက်ထဲရောက်ရောက်ချင်း တစ်ထုပ်ယူစားလိုက်ပြီး ပျော်သွားသည်မှာရှိသမျှသွားအကုန်ပေါ်လုနီးပါး ။ မုန့်ကို နှစ်နှစ်ခြိုက်ခြိုက်စားနေသည့် ရွှေရိုးမောင်ကို ကြည့်မိတော့လည်း ပြုံးရပြန်သည် ။ အစားကောင်းကြိုက်သည့် ကလေးလေး ။ သွားများတွင်လည်း ချောကလက်အနှစ်များပေနေပြီး
မျက်နှာလေးသည် မျက်လုံးများပိတ်မတတ်ပင် ပြုံးရယ်လျက် ။

ရွှေရိုးမေကတော့ သူ့နဂိုပုံစံလေးအတိုင်း ခပ်အေးအေး ။

" အများကြီးပဲ သားကြီးရယ် ၊ အဲဒီလိုမှန်းသိရင်ပိုက်ဆံကိုပဲ ယူလိုက်ပါတယ် ၊ အခုဟာက တန်ဖိုးနည်းမှာမဟုတ်ဘူး "

  အင်ဒိုနီးရှားပါတိတ်အစစ်သည် ဈေးကြီးမှန်းသိသဖြင့်ပိုအားနာရသည် ။ ထိုကဲ့သို့ပေးမည်မှန်းသိလျှင် ငွေကြေးသာ လက်ခံလိုက်မည် ။

ရွှေရိုးနောင်လည်း ပုဆိုးလေးထည်ကိုကြည့်၍ဒေါ်ရွှေအိလိုပင် ခံစားနေရသည် ။ သူ့ဘာသာဝယ်ဝတ်လျှင် ဘယ်သောအခါမှ ယခုကဲ့သို့ဈေးကြီးသောတံဆိပ်ကိုဝယ်မဝတ် ။ အလွန်ဆုံးရှိလေးထောင်တန်ခန့်ကိုပင် ဝယ်ဖြစ်၏ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Onde as histórias ganham vida. Descobre agora