မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (40)

3.8K 501 28
                                    


မစည်ကားအပ်ပါသော ဆေးရုံ ၊ ဆေးခန်းများသည် ပိုပိုပြီး စည်ကားလာ၏ ။ ကျယ်ဝန်းသောကားပါကင်ရှိသည့် နာမည်ကြီးဆေးရုံဖြစ်သော်လည်း ကားရပ်ရန်နေရာကို တော်တော်လေးရှာလိုက်ရသည် ။

အေးအေးညွှန့် ကားပေါ်မှ ခပ်မြန်မြန်ဆင်း၍ တစ်ဖက်ခြမ်းရှိတံခါးကိုဖွင့်လိုက်ပြီး ဖခင်ဖြစ်သူကို တွဲကူလိုက်၏ ။ အဖေက ယခင်ထက်စာလျှင် ပို၍လန်ဆန်းလာသဖြင့် သူလည်း တော်တော်စိတ်ချမ်းသာရပါသည် ။

အဖေ့လက်လေးများက ယခင်ကလိုမျိုး မတုတ်ခိုင်တော့ ။ အလုပ်ကြမ်းကြမ်းလုပ်ခဲ့ရသည့် အဖေက လက်ဖဝါးများကြမ်းတမ်းနေသလို လက်ဆစ်များကလည်း ခပ်ကြီးကြီး ။ ယခုအခါတော့ လက်ဖဝါးများကလည်း ခပ်နုနုဖြစ်နေသလို လက်တွင်ရှိသောအသားများကလည်း ထုထည်လျော့သွားသည် ။ အဖေ့လက်လေးကို ခပ်တင်းတင်းဆုပ်လိုက်တော့ ပြန်ကြည့်လာသည့် အကြည့်များက နွေးထွေးလှ၏ ။

" အဖေ ပိန်သွားတယ်နော် "

" ဟုတ်တယ် သမီးကြီးရ ၊ သမီးရဲ့အမေကလဲ အဖေ ပိန်သွားလို့ဆိုပြီး စိတ်မကောင်းဖြစ်နေတာ ၊ဘယ်တတ်နိုင်ပါ့မလဲကွာ ၊ အသက်ကြီးလာတော့ အစားသိပ်မစားနိုင်တာလဲ ပါမှာပေါ့ သမီးကြီးရဲ့ "

ဆေးရုံဝင်းအတွင်းစိုက်ထားသည့် ခရေပင်များကြောင့် ခပ်အေးအေးရှိလှသလို အပင်များပေါ် လူးလာခေါက်ပြန်လှုပ်ရှားနေကြသည့် ငှက်များဆီမှ ထွက်ပေါ်လာသည့်အသံများကလည်း စိတ်နှလုံးသာယာဖွယ်အတိ ။

သားအဖနှစ်ယောက် ဆေးရုံထဲဝင်မည့်အချိန် ထိုတံခါးမှပင် ထွက်လာသည့် ကလေးငယ်လေး ။ နှစ်ယောက်လုံး၏အကြည့်များသည် မိခင်ဖြစ်ဟန်တူသူ၏လက်ကိုဆွဲ၍ မြှောက်ကြွမြှောက်ကြွ လမ်းလျှောက်သွားသည့် ကလေးလေးထံသို့ ။ တစ်ပုံစံတည်းလိုပင် ။ ထိုကလေးလေး၏ ဆံပင် ၊ အသားအရေ ၊ လမ်းလျှောက်ပုံကအစ သားသားနှင့် တစ်ပုံစံတည်း ။ ကမ္ဘာပေါ်တွင် ကိုယ်နှင့်ရုပ်ချင်းဆင်တူသူ တစ်ယောက်ရှိသည်ဟု ကြားဖူးထားသည့်အတိုင်းဆိုလျှင် ထိုကလေးလေးသည်လည်း နောက်ထပ်တစ်ဆယ့်ငါးနှစ်နေလျှင် သားသားလိုပုံစံမျိုးလေး ဖြစ်နေပေလိမ့်မည် ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now