မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode ( 11)

5.3K 729 55
                                    


နံနက်ကိုးနာရီအချိန်ခန့်

ကော်စားပွဲအပုလေးပေါ်တွင် တင်ထားသည့် ထမင်းအိုးသေးတစ်အိုး ၊ ကြက်သားဟင်းပန်းကန်နှင့် အချိုမုန့်ထုပ်များ ။ သံဃာတော်များကို ဆွမ်းလောင်းရန်အတွက် ပြင်ဆင်ထားခြင်းဖြစ်သည် ။

ကြေးစည်သံကို အရင်ကြားရသည် ။ သိပ်မကြာမီ
စီတန်းကြွချီလာသည့် သံဃာတော်များ ။ နံနက်မိုးလင်းတိုင်း သံဃာတော်များကို ဆွမ်းလောင်းသည်မှာ ဦးထွန်းညွှန်တို့ လင်မယားနှစ်ယောက်၏ အလှူဒါန ။ ထျိုအလှူဒါနကို မပျက်ကွက်စေရ ။

ဒေါ်အေးမြ ပစ္စည်းများကို အိမ်ထဲပြန်သွင်းရင်း နောက်မှကပ်ပါလာသည့် ဦးထွန်းညွှန့်ကို စကားလှည့်ပြောလိုက်၏ ။

" ကိုထွန်းညွှန့် ခဏနေ ကျွန်မ ဈေးသွားမှာနော် ၊ အိမ်မှာလိုတဲ့ပစ္စည်းလေးတွေ ဖြည့်ရအုံးမယ် ၊ ရှင်ရော ဘာစားချင်လဲ "

" အထူးအထွေတော့ မစားချင်ပါဘူးကွာ ၊ ထန်းလျက်လေးတော့ ဝယ်ခဲ့လိုက်လေ ၊ ဘူးထဲမှာကုန်နေပြီ "

" ထန်းလျက်က ကျွန်မရေးထားတဲ့ စာရင်းထဲမှာ ပါပြီးသား ၊ တခြားစားချင်တာ မရှိတော့ဘူးလား "

ခေါင်းခါပြလာသည့် ဦးထွန်းညွှန့် ။ ဒေါ်အေးမြက အများအားဖြင့် ညနေခင်းသာ ဈေးသွား၏ ။ အသား ၊ ငါးများကိုလည်း ရေခဲသေတ္တာထဲမှာ သုံးရက်စာခန့် ဝယ်သိမ်းထားရ၏ ။ အဓိက ဆွမ်းလောင်းရန်နှင့် ပီတာထွန်းညွှန့် ကြိုက်မည့် အသား ၊ ငါးများသာ ။ ယခုသွားဝယ်မည်မှာလည်း ပီတာထွန်းညွှန့်အတွက်ပင် ။

ပီတာထွန်းညွှန့် နိုးလာသည်နှင့် မွေ့ရာဘေးတွင်ထားထားသည့်ဖုန်းကို ယူလိုက်၍ လိုင်းခဏသုံးလိုက်၏ ။ ထို့နောက် ဆံပင်များထဲ လက်ထည့်၍ အားရပါးရကုတ်ချလိုက်သည် ။ အရှိန်များသွား၍ စပ်ဖျင်းဖျင်းပင် ဖြစ်သွား၏ ။

ဟိုနှစ်ကောင်ကလဲ အခုတလော သူ့ကို ပလစ်တာ ၊ ပလစ်တာ ဆိုတာများ ။ သူ့မှာ တစ်ယောက်တည်း ငေါင်စင်းစင်းနဲ့ပဲ ။

နှုတ်ခမ်းအစုံသည် အလိုမကျဟန်ဖြင့် မဲ့ကျသွား၏ ။

အိပ်ခန်းထဲမှထွက်သည်နှင့် ပီတာထွန်းညွှန့် ဒေါ်အေးမြကို ကျီးကန်းတောင်းမှောက်ရှာမိသည် ။ ဗိုက်ဆာလှပြီ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now