မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (32)

4.7K 571 61
                                    


ဆိုင်ထဲသို့ဝင်လာသည့် အသက်ခြောက်ဆယ်ခန့် အမျိုးသမီးကြီးတစ်ယောက် ။ လက်ထဲတွင်လည်း
TV remoteတစ်ခုကို ခပ်တင်းတင်းဆုပ်ကိုင်ထားလျက် ။ မောပန်းနွမ်းနယ်နေမှုသည် ထိုအမျိုးသမီးကြီး၏မျက်နှာပေါ်တွင် အထင်းသား ။ ကျန်သည့်သူများကလည်း ဈေးဝယ်သူများနှင့်အလုပ်ရှုပ်နေသောကြောင့် ထိုအမျိုးသမီးကြီးက သည်အတိုင်းမတ်တတ်ရပ်နေသည့် ပီတာထွန်းညွှန့်ထံသို့
တည့်တည့်မတ်မတ်လျှောက်လာပြီး သူ့လက်ထဲမှremoteလေးကို ကောင်တာပေါ်သို့တင်ပေးလိုက်သည် ။

" ဒီလိုမျိုးလေး...လိုချင်လို့...သားရယ် "

ပြောလိုက်သည့်အသံတွင်ပင် မောဟိုက်သံများပါနေသည် ။ မျက်နှာပေါ်တွင်လည်း ချွေးများထွက်နေသဖြင့် အမေချင်းကိုယ်ချင်းစာမိသွား၏ ။

" ခဏလေးနော် အန်တီ ၊ ကျွန်တော် ရှာပေးပါမယ် ၊
လောလောဆယ် ခဏထိုင်နေလိုက်ပါလား "

ပြောလည်းပြော ပီတာထွန်းညွှန့် ကောင်တာနောက်ရှိထိုင်ခုံကိုယူလိုက်ကာ လူရှင်းသည့်ဆိုင်ထောင့်တွင်ချပေးလိုက်တော့ ထိုအမျိုးသမီးကြီးသည်ထိုင်ခုံဆီသို့ ဖြည်းဖြည်းချင်းလျှောက်လာပြီး ထိုင်ချလိုက်၏ ။ နှုတ်ခမ်းကိုလည်း ခဏခဏသပ်နေသေးသည် ။ ကြည့်ရသည်မှာ ရေဆာနေပုံပင် ။

ပီတာထွန်းညွှန့် အပေါက်ဝဘေးတွင်ထားထားသည့် ရေသန့်ဘူးထဲမှရေကို တစ်ခါသုံးခွက်နှင့်ခံယူလိုက်ကာ ထိုအမျိုးသမီးကြီးကို လက်နှစ်ဖက်လုံးနှင့်ကမ်းပေးလိုက်သည် ။ ပထမတော့ လှမ်းမယူသေးဘဲ ပီတာထွန်းညွှန့်နှင့် ရေခွက်လေးကို တစ်လှည့်စီ ကြောင်အစွာငေးကြည့်နေပြီး ၊ စက္ကန့်အနည်းငယ်ကြာမှ " ကျေးဇူးပါ သားလေးရယ် "ဆိုပြီး ယူသောက်လိုက်၏ ။ ထိုင်ခုံပေါ်တွင်ထိုင်ပြီး ရေကိုဖြည်းဖြည်းချင်းသောက်နေသော အမျိုးသမီးကြီးကို ပီတာထွန်းညွှန့်ကလည်း သေသေချာချာကြည့်နေသလို အခြားတစ်ယောက်ကလည်း လှမ်းကြည့်နေသည် ။

ကြည့်နေသူမှာအေးအေးညွှန့် ၊ မျက်နှာကလည်း ပြုံးရွှင်ကြည်သာလျက် ။ အသက်အရွယ်ရလာလျှင် ပြောင်းလဲလာနိုင်သည်မှာ ဖြစ်တတ်သည့်သဘောတရားဆိုသော်လည်း ပီတာထွန်းညွှန့်ကတော့ မျှော်လင့်ထားသည်ထက် စောစီးစွာပင် ပြောင်းလဲလာ၏ ။ ယခုလည်း remoteများထည့်ထားသည့် ကတ်ထူပုံးထဲမှ အမျိုးအစားတူညီသော
remoteကိုရွေးချယ်ပေးနေပုံမှာ တက်တက်ကြွကြွ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now