မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (27)

4.8K 652 52
                                    


ပီတာထွန်းညွှန့် ရွှေရိုးနောင်ဆီ နံနက်ပိုင်း၌ဖုန်းဆက်လျှင် နှစ်ကြိမ်အထက်ခေါ်မှသာ အဆင်ပြေသည် ။ အလုပ်နှင့်လက်မပြတ်သူဆိုတော့ သူ့ခမျာဖုန်းမကိုင်ထားနိုင် ။ အလုပ်မအားသည်ကိုသိသော်လည်း ပီတာထွန်းညွှန့်ကတော့ ဖုန်းမခေါ်ဘဲလည်း မနေနိုင်ဆိုတော့ သည်းခံပြီးဖုန်းခေါ်ရသည် ။

ယနေ့ကျတော့ ဆရာသမားဆီ သုံးကြိမ်မြောက်ဖုန်းခေါ်သော်လည်း တုံ့ပြန်မှုမရှိလာပေ ။ မျက်ခုံးတန်းနှစ်ဖက်သည် ထိလုထိခင်ဖြစ်လာသလို နှုတ်ခမ်းကလည်း ရှေ့သို့ တစ်တောင်ခန့်စူထွက်လာ၏ ။ သည်အချိန်ဆိုလျှင် ဈေးကလည်း ပြန်ရောက်လောက်ပါပြီ ။

ဖုန်းကိုင်စမ်းပါဟ ။ ဒီမှာ အသံလေးကြားချင်လို့ပါဆိုမှ ။ နောက်ဆုံးတစ်ခေါက်တော့ ခေါ်ကြည့်အုံးမယ် ။ ဒီတစ်ခါမှမကိုင်ဘူးဆိုရင်တော့ မင်းကို စိတ်အကြီးကြီးကောက်ပစ်မှာ ။

"ဟဲလို" ထူးသံ ။ သို့သော် ထိုထူးသံသည် ကြားနေကျအသံတော့မဟုတ် ။ ခပ်ငယ်ငယ်ကလေးသံလေး ။ စိတ်ထဲတစ်မျိုးတော့ဖြစ်သွား၏ ။

" ဟဲလို... ရွှေရိုးနောင်နဲ့ စကားပြောချင်လို့ပါ "

" ကိုကြီးဖျားနေတယ် အစ်ကိုကြီးပီတာ "

ဖုန်းဖြေသူမှာ ရွှေရိုးမောင်ပင်ဖြစ်လိမ့်မည် ။

" ဟုတ်လား ငယ်လေး ၊ အခု သူဘာလုပ်နေလဲ "

" ဆေးသောက်ပြီး အိပ်နေတယ် "

ရင်ထဲထိတ်ခနဲ ။ အမြဲတမ်းကျန်းမာသန်စွမ်းနေသူက ဖျားနေသည်တဲ့ ။ ဘာစကားကိုမှလည်း ဆက်မပြောန်ိုင်ဘဲ ဖုန်းကိုသာချလိုက်မိသည် ။ မနေ့ကတွေ့တုန်းကလည်းအကောင်း ။ ညပိုင်း သူ ဖုန်းဆက်တော့လည်း ရယ်ရယ်မောမောစကားပြောကြသေးသည် ။ ကြည့်ရသည်မှာ ယခုနံနက်မှ ဖျားသည့်ပုံ ။

ဘာဖြစ်လို့ဖျားတာပါလိမ့် ။

ထိုင်နေတော့လည်း စိတ်ထဲဝယ် စန်ိုးစနောင့်ဖြစ်ပြီး စိတ်ပူလှပါသည် ။ ပိုက်ဆံအိတ်ကိုယူပြီး အခန်းထဲမှအထွက် ဆွမ်းလောင်းပြီးအိမ်ပေါ်ပြန်တက်လာသည့် ဒေါ်အေးမြနှင့် မျက်နှာချင်းဆ်ိုင်သွားဆုံ၏ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now