မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (58)

Comenzar desde el principio
                                    

ယခုလည်း တာ့မျက်လုံးများက ဆိုင်ပေါက်ဝကိုသာ ကြည့်လျက် ။ နံရံကပ်နာရီကိုလည်း လှမ်းကြည့်နေသည့် တာက သူ့ဆီကို ခဏလှမ်းကြည့်ပြီးမှ နှာခေါင်းရှုံ့ပြ၏ ။

" မင်းဟာလေးတွေက ငါတို့ကို စိတ်မဝင်စားတော့ဘူး ထင်တယ် "

" လာမှာပေါ့ တာရဲ့ ၊ သင်တန်းတက်နေကြတဲ့ ကလေးတွေဆိုတော့ အချိန်အပြောင်းအလဲရှိလို့နေမှာပေါ့ "

" မင်း ပြောနေတဲ့ပုံစံက ငါကပဲ သူတို့ကို မျှော်နေသလိုမျိုး "

ထိုကောင်လေးသည် ထိုကဲ့သို့လည်း ဂျစ်တိုက် တတ်သေး၏ ။

" တာက မမျှော်ပါဘူး ၊ သူတို့လေးတွေက တာ့ကို တွေ့ချင်လွန်းလို့ လာကြတာလေ...ပြောရင်းနဲ့ လာကြပြီ "

သူက ဆိုင်ပေါက်ဝကို မေးဆတ်ပြလိုက်တော့ တာက ချာခနဲလှမ်းကြည့်၏ ။ တာ့နှုတ်ခမ်းပေါ် ခပ်ရေးရေးဖြတ်ပြေးသွားသည့် အပြုံးနုလေး ။ ပြီးမှ ချက်ချင်း ရုပ်ပြန်တည်လိုက်သည့် တာ ။

ထိုကလေးမများက ဆိုင်ပေါက်ဝရောက်ရုံရှိသေးသော်လည်း အသံများကတော့ ဆိုင်ထဲဝယ် လွင့်ပျံလျက် ။

" အစ်ကိုကြီးတ်ို့... ဂျီလေ ကားပေါ်မှာ ဖိုက်တာလုပ်လာတယ် သိလား "

ပါးစပ်ကလည်း ခပ်ကျယ်ကျယ်ပြောသလို လွယ်ထားသည့် ကျောပိုးအိတ်ကို ကောင်တာပေါ် ဘုန်းခနဲ အသံမြည်အောင်တင်သည် ။ ထိုအသံကျယ်ကျယ်ကြောင့် တာက မျက်မှောင်ကုတ်လိုက်သောအခါ တဟဲဟဲရယ်ပြီးမှ တာ့ကို မျက်နှာချိုသွေး၏ ။

ဂျီဆ်ိုသည့် ကောင်မလေး ။ ရုပ်လေးချောသလို မဟုတ်မခံ ဆတ်ဆတ်ကြဲ ။ ဘယ်သူ့ကိုတော့ ပညာပေးခဲ့ပြီဆိုသည်ကို ထိုမိန်းကလေးဆီမှ ရက်ခြား ကြားရတတ်သည် ။

" မိုးကတော့ မနည်းလက်တို့ရတယ် အစ်ကိုကြီးရေ ၊ မတော် အငြိုးထားရင် ဘယ်လိုလုပ်မလဲ "

မိုးဆိုသည့် မိန်းကလေးက ခပ်အေးအေး ။ စကားပြောလျှင်လည်း တစ်လုံးချင်း ဖြည်းဖြည်းပြောသလို အမူအရာကလည်း နူးနူးညံ့ညံ့ ။
ဘေးလွယ်အိတ်၏ဇစ်ကိုဖွင့် ၊ စာရွက်ခေါက်လေးကိုထုတ်ယူပြီး ရွှေရိုးနောင်ဆီသို့ ထိုစာရွက်ခေါက်လေး ကမ်းပေးသည့် မိုး ။ စာရွက်ခေါက်ကို ဖွင့်ကြည့်တော့ နံပါတ်စဉ်တပ်ထားသည့် လျှပ်စစ် အမျိုးအမည်များ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Donde viven las historias. Descúbrelo ahora