#ZG
"ဆရာ ကိုနေဇော်က ဖုန်းဆက်လာတယ် "
"အင်း "
ရိုက်ကွင်းပြင်ဆင်နေသူတွေကို ကြီးကြပ်နေရင်း သူရက နေဇော်ဖုန်းဆက်လာသည့်ကိစ္စကို နေလွင်ဘေးကနေ အသိပေးနေ၏။
ဟိံကတော့ ရိုက်ကွင်းထဲက settings ပြင်ဆင်နေတဲ့အပိုင်းကို နေလွင်ကူခိုင်းထားသောကြောင့် သွားကူလုပ်ပေးနေသည်။"ကိုစိုင်းထွန်းဆီကို လေပြေက စာချုပ်ချုပ်ဖို့ သဘောတူလိုက်ပြီလို့ပြောခိုင်းလိုက်တာပါ ဆရာ၊ ပြီးတော့ ဒီတစ်ခါရိုက်ရင် လူကြီးသုံးပစ္စည်းကုမ္ပဏီ တော်တော်များများက သူတို့ထုတ်ကုန်ကို movie မှာထည့်သုံးပေးဖို့ ကမ်းလှမ်းထားကြတယ်တဲ့၊ အဲ့ကိစ္စကို တစ်ရက်သက်သက် ဆွေးနွေးဖို့ အချိန်လုပ်ထားပါတဲ့ ဆရာ "
နေလွင်က အလုပ်ဆီကနေ အကြည့်မလွှဲ၊ ဘာမှမပြောပဲ သူလုပ်စရာရှိတာသာ ဆက်လုပ်နေသည်။
သူရ ဆရာသမားဖြစ်သူကို မသိမသာလေး အကဲခတ်နေ၏။
ဆရာနဲ့ရည်းစားဟောင်းဖြစ်သူတို့ကိစ္စကို အတော်အတန် သူရ သိထားသည်။
ဆရာကို စွန့်ပစ်ခဲ့ပြီး အကြာကြီးနေမှ ပြန်လာတဲ့ရည်းစားက ဆရာနဲ့ အလုပ်ပြန်တွဲလုပ်မယ်ကြားတော့ သူရ တကယ်အံသြခဲ့တာ။ဒီအချိန်ပြန်တွေ့လို့ အလုပ်တွေအတူတူလုပ်ကြပြီဆိုရင် ဆရာတို့နှစ်ယောက် ဘယ်နှယ့်နေမလဲမသိဘူး။
" အဲ့အတွက် Schedule ကို မင်းပဲကြည့်စီစဉ်ထားလိုက်တော့ "
"ဟုတ်ဆရာ "
"Setting ပိုင်းပြင်ဆင်ပြီးရင် စရိုက်မယ်၊ ခေါ်လိုက်တော့ သရုပ်ဆောင်တွေကို "
"ရိုက်မယ်ဟေ့၊ သောမတ်စ်တို့ ထွက်လာခဲ့တော့ "
သူရအော်လိုက်ပြီးနောက် အဝတ်လဲခန်းတံခါးပွင့်လာပြီး အမျိုးသားနှစ်ယောက်ထွက်လာ၏။
ပထမဆုံးထွက်လာတဲ့အမျိုးသားက အသားညိုညိုပိန်ပိန်သွယ်သွယ်ဖြင့် Bathrobe ကိုဝတ်ဆင်ထား၏။ သူနောက်ကနေ ထွက်လာသောသူမှာ နိုင်ငံခြားသားရုပ်ရည်နဲ့ ကပြားအမျိုးသားလေး သောမတ်စ်ထွန်းဖြစ်သည်။သောမတ်စ်ထွန်းက အပေါ်ပိုင်းအဝတ်ဗလာ၊ ခါးတွင် ပုဝါဖြူတစ်ထည်သာ ပတ်ထားသည်။ အဝတ်မပါသည့်ကိုယ်တွင် ကြွက်သားအဖုအထစ်တွေသည် သူ့အကန့်နှင်သူ ထည်ဝါဝင့်ကြွားလျက်။ ပြောင်တင်းမို့မောက်နေတဲ့ ရင်အစုံကြောင့် ရိုက်ကွင်းထဲကသူတစ်ချို့ ရင်သပ်ရှု့မောဖွယ်ဖြစ်နေသည်။
أنت تقرأ
ဟိံ
العاطفيةPlot လေးမှာ Porn movie လောကအကြောင်း အနည်းငယ် အခြေခံပြီး ရေးမှာဖြစ်ပါတယ်၊ 21+ ဖြစ်တဲ့အတွက် မယဉ်ကျေးတဲ့အသုံးအနှုန်းနဲ့ မသင့်တော်တဲ့အမူအယာတွေ အတော်အတန်ပါဝင်မှာဖြစ်တာကြောင့် အသက်မပြည့်သေးတဲ့ မောင်ငယ်၊ညီမငယ်တွေ ဖတ်ဖို့မသင့်ဘူးဆိုတာ အကြံပေးပါရစေနော်...🚨🚨...