Ep [ 26 ]

5.4K 235 8
                                    

#ZG

"ဟိံ မနေ့က ရောက်လာတဲ့ ပစ္စည်းအသစ်တွေ ထည့်ထားတဲ့ပုံးလေး မေ့မယ်၊ သေချာစစ်ပြီးရင် ကားပေါ်တင်လိုက်တော့..."

နေလွင် laptop ပေါ်မှာအကြည့်ရောက်နေတဲ့ မျက်လုံးတွေကို မခွာနိုင်၊ ကီးဘုတ်ပေါ်တွင် ဖြတ်ပြေးနေတဲ့ လက်တွေကိုလည်း ခပ်သွက်သွက် လှုပ်ရှားရင်း လှမ်းအော်လိုက်သည်။

နေလွင်အသံကို ကြားတော့ မီးဖိုးခန်းထဲကနေ အေပရွှန်အနီလေးဝတ်ထားတဲ့ ဟိံက ခေါင်းလေးပြူကြည့်ပြီး ဟင်းမွှေတဲ့ ဇွန်းလေး တဆဆကိုင်ထားရင်း နေလွင်ကြားအောင် ပြန်ဖြေလိုက်၏။

"ဟုတ်...ခဏလေးဗျ၊ ထမင်းဘူးလေးအရင်ပြီးအောင် ထုတ်နေလို့၊ ပြီးရင် တင်လိုက်မယ် "

"မမေ့နဲ့နော်...အဲ့တာဒီနေ့ရိုက်ကွင်းမှာ သုံးရမှာ၊ အရေးကြီးတယ်..."

"အင်းပါ...သိပါတယ်ဗျ "

ဒီနေ့ သောမတ်စ်ထွန်းရိုက်နေတဲ့ Adult Video နောက်ဆုံး လက်စသတ်ရိုက်ကူးရမည့် နေ့ ဖြစ်သည်။

ဒီကားက ခါတိုင်းကားတွေနဲ့ မတူလောက်အောင် နေလွင်ကို ပိုအလုပ်ရှုပ်စေသည်။
ကြောငြာပေးရသည့် Adult toy မျိုးစုံကို သရုပ်ဆောင်တွေက အသုံးချပြပေးရသည့်အပြင်၊ position အမျိုးမျိုးနဲ့ ရိုက်ကူးရသည့် AV တစ်ကားဖြစ်သည်။

စပွန်ဆာပေးတဲ့ကိုနေဇော်အပြင် အခြားကုမ္ပဏီပိုင်ရှင်များ၏ ကြော်ငြာပစ္စည်းအများအပြားကို သုံးပေးထားသောကြောင့် ဒီကားမှာ ရင်းနှီးထားသော ငွေက များပြားလှသည်။
ငွေအလုံအလောက်အသုံးပြုနိုင်ခဲ့ခြင်းကြောင့် ဒီ Adult Video ကို အဆင့်မြင့်မြင့်ရိုက်ကူးနိုင်ခဲ့လေသည်။

Adult website တော်တော်များများမှာလည်း ကြော်ငြာအားကောင်းသောကြောင့် ဒီ Video ကို အမှောင်လောကသားလူတော်တော်များများက မျှော်လင့်ထားကြသည်။
ခံစားချက်ကို အသားပေးပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးတတ်တဲ့ နေလွင်အတွက် ဒီကားက အတော်ကိုဖိအားများပြီး အလုပ်ရှုပ်စေသည်။

ကြော်ငြာပိုင်းအတွက် ပြင်ဆင်ရ၊ စပွန်ဆာပေးထားသည့် ကုမ္ပဏီတွေအလိုကျ Adult site တွေမှာ marketing ဆင်းရ၊ တရားမဝင် site ထဲတင်သာမက အခြားနိုင်ငံများရဲ့ ဘောင်ပြည့်တန်းပြည့် ကြည့်ရှု့နိုင်မည့် Adult site များအထိ ပေါက်မြောက်အောင် အများကြီးအားစိုက်ထားခဲ့သည်။

ဟိံWhere stories live. Discover now