Ep [ 10 ]

8.8K 332 19
                                    

#ZG

"ကိုနေလွင် ရောက်ပြီလား "

"ဆရာလား ရောက်နေပြီ အခုနကတောင် ဒီနားမှာ ရှိနေပါသေးတယ် "

ဒီနေ့ အခြားရိုက်ကွင်းကို ပြသာနာလေးတစ်ခုကြောင့် ကိုစောဝေသွားလိုက်ရလို့ နောက်ကျနေသည်။ တဖက်ရိုက်ကွင်းက ကိစ္စပြီးလို့ ပြန်လာမှ ဟိုတယ်ကို သူရောက်သွားတဲ့အချိန် ရိုက်ကွင်းပြင်ဆင်နေသူတွေက အကုန်ပြီးလုနီးပါးဖြစ်နေပြီ။
ရိုက်ကူးရေးလုပ်မယ့်နားမှာ နေလွင်ကို ရှာကြည့်တော့မတွေ့တာကြောင့် ကိုစောဝေ သူရကို မေးကြည့်ရ၏။ အလုပ်ချိန်နဲ့ ပတ်သက်ပြီး တိတိကျကျလုပ်တတ်တဲ့ နေလွင်ကြောင့် schedule အရသတ်မှတ်ထားတဲ့အတိုင်း အလုပ်ကို လေးလေးစားစားနဲ့ အချိန်မှီရောက်နေတာပဲ နေလွင်က လိုချင်သည်။
သူနောက်ကျမှ ရောက်လာတာကိုလည်း နေလွင် သိသေးပုံမပေါက်၊ ဒီနေ့လိုမျိုးဆို ကိုစောဝေ သေချာပေါက်အပြောခံရမှာဖြစ်သည်။

ဒီနေ့ ဇင်ကိုကို ရိုက်လက်စ movie ကို အပြီးပြတ်ရိုက်ရမှာဖြစ်သည်။ နောက်တစ်ရက်မှာ သရုပ်ဆောင်အသစ်တွေရဲ့ movie ကာဗာဓာတ်ပုံအတွက် ရိုက်ကူးရေး ရှိနေတာကြောင့် ရိုက်မည့်အချက်တချို့ကို ပေးဖို့ နေလွင်ကို ကိုစောဝေလိုက်ရှာနေ၏။
ပေးပြီးတာနဲ့ တည်းဖြတ်ရမယ့် အလုပ်လေးတွေရှိသေးတာကြောင့် studio ကိုပြန်ဖို့လိုသေးသည်။ နေလွင်ဆီကနေ အလုပ်အတွက် ငွေတွေကြိုယူထားပြီး သူသာ အချိန်နဲ့အချိန် အလုပ်မပြီးရင် ပြသာနာတက်လိမ့်မည်။

စဉ်းစားရင်းနဲ့ နေလွင်ခေါင်းကိုက်လာသည်။
ပြသာနာဆိုတာ တစ်ခုချင်းမလာပဲ အစုံလိုက်တတ်တက်တဲ့ ဂြိုဟ်ဆိုးလာမသိတော့။ အခုလည်း စောက်ပြသာနာတစ်ခုက စတင်နှင့်ပြီ။
ညက ဟိုဘက်ရိုက်ကွင်းက ဖုန်းဆက်လာသည်။ သူရှာပေးခဲ့တဲ့ သရုပ်ဆောင်ကောင်လေး ဆေးကြောင်ပြီး ဆေးရုံရောက်သွားလို့တဲ့လေ။ ငွေကျယူပြီး အလုပ်တော့ကောင်းကောင်းမလုပ်ပဲ ဆေးတွေ နင်းကန်ချနေမှတော့ အဲ့လိုကောင်တွေ တစ်ခါတည်း သေသွားလိုက်ရမှာ။ မသေပဲ ဆေးရုံရောက်တော့ နောက်ဆက်တွဲပြသာနာတွေ ဆက်မတက်လာဖို့ သူက တာဝန်ယူဖြေရှင်းပေးနေရတာ ကိုယ်ရတဲ့ငွေနဲ့ မကိုက်တော့ဘူး။
မဖြေရှင်းပဲထားရင်လည်း သေချာပေါက် ထောင်နှုတ်ခမ်းဝ လျှောက်ရဖို့ အလားလာရှိ၏။

ဟိံWhere stories live. Discover now