Ep [ 42 ] & The End

7.5K 234 28
                                    

#ZG

ဒုန်း...

လော့ခတ်မထားသော အခန်းတံခါးသည် အရှိန်ပြင်းစွာဖြင့် ကန်ဆောင့်ဖွင့်ခြင်းခံလိုက်ရ၏။

ကုတင်ဘေးတွင် ထိုင်ခုံမှာ ဇိမ်ပြေနပြေထိုင်နေတဲ့ ကိုစောဝေ မျက်နှာပျက်သွားတော့၏။
ရုတ်တရက်ကြီး ဝင်ရောက်လာသော ရုန်းရင့်ဆန်ခတ်မှုကြောင့် ဟိံကို အကြမ်းဖက်နေသော ဇင်ကိုကိုလည်း ထိတ်လန့်ကာ ကုတင်ပေါ်မှ ဆင်းပြေးလေသည်။

အခန်းထဲသို့ ဝင်လိုက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် နေလွင် ဆွံအထိတ်လန့်သွားရသည်။
သောမတ်စ်ထွန်းလည်း မမျှော်လင့်ထားတဲ့ အခြေအနေကြောင့် အခန်းပေါက်မှာ အံသြကြောင်အစွာ ရပ်နေမိသည်။

ဟိံနဲ့ လေပြေရှိန်း နှစ်ယောက်လုံးမှာ အဝတ်တစလေးမှ ကပ်မနေပဲ ကုတင်ပေါ်မှာကြိုးတုတ်ခံထားနေရသည်။
ပြီးတော့ နေလွင် အမြင်မှားတာမဟုတ်တဲ့ မြင်ကွင်းတစ်ခု၊ ဇင်ကိုကိုဆိုတဲ့ကောင်က ဟိံကို...ဟား။

လေပြေတစ်ကိုယ်လုံးမှာလည်း နီရဲတွတ်နေပြီး မျက်ဖြူလန်ကာ သတိလစ်တော့မည့်အနေအထားဖြစ်နေပြီး အသိစိတ်လည်းအကပ်သလို မျက်လုံးတွေက ဆုံချက်ပျောက်ကာလည်ထွက်နေ၏။
နေလွင်နဲ့ သောမတ်စ်တို့ ဝင်လာတာကိုတောင် သေချာအာရုံစိုက်နိုင်ပုံမပေါ်ပေ။

သောမတ်စ်က ကုတင်ပေါ်သို့ပြေးသွား၏။
ဇင်ကိုကိုက သောမတ်စ်ကိုမြင်တာနဲ့ ကြောက်လန့်တကြား အခန်းထောင့်ကို ပြေးကပ်၏။ သောမတ်စ်ကဟိံလက်နှင့် ခြေထောက်ကကြိုးကို အရင်ဖြေပေးလိုက်သည်။
ပြီးနောက် လေပြေကို တုတ်နှောင်ထားတဲ့ကြိုးတွေကို ဖြေပေးပြီး ဆွဲထူပေးသော်လည်း လေပြေမှာ လုံးဝမလှုပ်နိုင်ပဲ သောမတ်စ်ရင်ခွင်ထဲသို့ ပျော့ခွေကျသွား၏။

လေပြေလို Strong man တောင်မှ အားနည်းဖျော့တော့သွားသည်အထိဖြစ်စေအောင် ဒီလူယုတ်မာတွေ ဘာလုပ်ထားကြတာလဲ။
သေချာတယ်၊ လေပြေရဲ့အခြေအနေက လိင်စိတ်ကြွဆေး အကျွေးခံထားရတာပဲ၊ သူ့ပုံက အချို့ပြည့်တန်ဆာတွေ ဆေးအလွန်အကျွံ သုံးစွဲထားသည်ပုံမျိုးဖြစ်နေ၏။

"လေပြေ...လေပြေရှိန်း သတိထားပါဦး ဟေ့ကောင် "

သောမတ်စ် သူ့ရင်ခွင်ထဲတွင်ရှိနေသော လေပြေပါးလေးကို ညင်သာစွာပုတ်ခတ်ရင်း သတိဝင်လာစေရန် လှုပ်နှိုးပေးနေမိ၏။
လေပြေက သောမတ်စ်ကို သေချာမကြည့်နိုင်ပဲ မျက်လုံးတွေသည် မှေးကျဉ်းရီဝေနေကာ ခေါင်းတောင်မထူနိုင်တော့ပေ။

ဟိံWhere stories live. Discover now