Ep [ 20 ]

6.6K 244 13
                                    

#ZG

ခွပ်...ခွပ်...ခွပ်

"မင်းလိုကောင် ငရဲသာ သွားသေလိုက်တော့"

"ဖေကြီးကို မလုပ်ပါနဲ့ အီးဟီး "

လေပြေအမျိုးသားတစ်ဦးကို မြေပေါ်မှာ ဖိနှိပ်ထားပြီး အထက်စီးကနေ မျက်နှာပေါ်လှိမ့်၍ ထိုးနေ၏။
လေပြေကို ဘေးကနေအတင်းဆွဲနေတဲ့ အမျိုသမီးလေးတစ်ဦးလည်းရှိသည်။ အမျိုးသမီးရဲ့ ထမီအနားစကို ဆွဲထားတဲ့ ခြောက်နှစ်အရွယ်ကလေးမလေးကလည်း ကြောက်ကြောက်လန့်လန့်နဲ့ အော်ဟစ်ငိုကြွေးနေသည်။

မြင်ကွင်းက တကယ့်ကို ရုန်းရင်းဆန်ခတ် ဖြစ်နေလေသည်။ အထိုးခံရတဲ့ အမျိုးသားက အနည်းငယ်ဝဖိုင်ဖိုင်ဖြစ်နေတာမို့ သန်မာလှတဲ့ လေပြေကို ပြန်မတွန်းလှန်နိုင်ဖြစ်နေသည်။
လေပြေကလည်း ထိုအမျိုးသားကို သည်းကြီးမဲကြီး အညိုးကြီးစွာ ထိုးကြိတ်နေ၏။

"ကိုကြီး ရပ်ပါတော့ သေသွားလိမ့်မယ် အီးဟီး သူသေသွားရင် ကိုကြီး ဒုက္ခရောက်မှာ "

အမျိုးသမီးငယ်က လေပြေရဲ့ လက်တွေကို လိုက်ဖမ်းချုပ်ရင်း ရှိုက်ကြီးတငင်ငိုကြွေးကာ တားမြစ်နေသည်။

"ဒီကောင် သေသွားမှ အေးမှ မိပန်၊ ဒီကောင်ကို ငါ့မသတ်စေချင်ရင် အခုချက်ချင်းကွာရှင်းပြီး ငါနဲ့လိုက်ခဲ့ရမယ် "

အေးမင်းဆိုတဲ့ ကောင်ကို ဒီနေ့လေပြေ သတ်ပစ်နိုင်မှ ကျေနပ်မည်။
ဒီကောင် ငါ့ညီမလေး မိပန်ကို မျက်စိရှေ့ထားပြီး မိန်းမတစ်ယောက်နဲ့ ပေါ်တင် ဖောက်ပြားနေသည်တဲ့။
အဲ့ကောင်နဲ့ဖောက်ပြားတဲ့ အမျိုးသမီးက သူ့ကိုအရေးပေးလိုက်တာနဲ့ ရောင့်တတ်လာပြီး ညီမလေးကို အိမ်ပေါ်ထိ စော်ကားမော်ကားတွေ ပြောခဲ့တဲ့အပြင် ကိုယ်ထိလက်ရောက်ပါ ကျူးလွန်လာတယ်။
ပြီးတော့ အခုနလေးမှ ငါ့ရှေ့တင် ငါ့ညီမလေးကို ဒီကောင်က ပါးတွေနားတွေ ရိုက်ပြီး ညှင်းပန်းအနိုင်ကျင့်နေတာ ငါမြင်ခဲ့ရတာ။
ဒီလူ့တိရစ္ဆာန်ကို လေပြေအရှင်မထားနိုင်တော့ဘူး။

"ပန်စဉ်းစားထားပြီးသားပါ၊ သူရန်စနေတာကို ခေါင်းထဲမထည့်ပါနဲ့ ကိုကြီး ဒုက္ခရောက်လိမ့်မယ် စိတ်ထိန်းပါဦး "

ဟိံWhere stories live. Discover now