#ZG
"ကောင်လေး အဆင်ပြေရဲ့လား "
"ဟုတ် ပြေပါတယ် ကျွတ် ကျွတ် "
"လှဲနေဦး ပတ်တီးကြောင့် နည်းနည်းတင်းနေလိမ့်မယ် သုံးချက်တော့ချုပ်လိုက်ရတယ် "
သတိလစ်နေတဲ့အချိန်လေးမှာ ကောင်လေးရဲ့
ဘယ်ဘက်ခေါင်းထိပ်လေးကို ဆရာဝန်က သုံးချက်ချုပ်ပေးလိုက်ရ၏။ နှစ်နာရီနီးပါးလောက် အိပ်ပျော်နေရာမှ နိုးလာသည်နှင့် ငြိမ်ငြိမ်မနေတတ်တဲ့ ပုရွက်ဆိတ်က ငေါက်ခနဲ့ ထထိုင်သည်။"ဟုတ်..."
"ဒါနဲ့ မင်းနာမည်က ဟိန်းလို့ခေါ်တာလား "
"ဟိံ ပါ ဒါရိုက်တာကြီး ဝစ္စနှစ်လုံးပေါက် မပါတဲ့အသံထွက်ပါ..."
"ဘာစားချင်လဲ တစ်ခုခုသွားဝယ်ပေးမယ် "
"နေပါစေဗျ မစားတော့ပါဘူး "
"ဘာလို့လဲ ငါ့ကို အားနာလို့လား "
"မဟုတ်ပါဘူး ကျွန်တော်မဆာလို့ပါ...မေမေဆီ သွားစောင့်ရဦးမယ် "
"စိတ်ပူစရာမလိုတော့ပါဘူး...ပေါက်ပြဲသွားတဲ့ ခေါင်းနေရာကိုလည်း ချုပ်ပြီးသွားပြီ၊ ထိတ်လန့်သွားတာနဲ့ ပြုတ်ကျတာကြောင့် သတိလစ်သွားတာပါလို့ ဆရာဝန်က ပြောတယ်။ မေ့ဆေးပြယ်လို့ သတိရတဲ့အထိစောင့်ရမယ်။ မင်းလည်း အဲ့အချိန်ထိ အနားယူရင်းစောင့်လို့ရတာပဲ ကိုယ့်ဒဏ်ရာကိုယ်လည်း ဂရုစိုက်မှပေါ့ "
"ဟုတ် ဒါရိုက်တာကြီးကို ဒုက္ခထပ်ပေးမိပြန်ပါပြီ အားနာလိုက်တာ "
[ Phone Ringtone ]
နေလွင် တစ်ခုခုပြန်ပြောမလို့ရှိသေး လက်ထဲက ဖုန်းသံထွက်ပေါ်လာနဲ့ ကြည့်လိုက်တော့ အလုပ်ဖုန်းမို့ ကိုင်လိုက်ရသည်။
"သူရ ပြော "
"..........."
"ဟုတ်ပြီ အသင့် ပြင်ထားလိုက် "
"........"
"ငါမမေ့ပါဘူး ၁၀နာရီ မခွဲခင် အရောက်လာခဲ့မယ် "
"................."
"မပို့နဲ့တော့ ငါလာမှ ကြည့်လိုက်တော့မယ်"
"......."
ဖုန်းပြောပြီးတာနဲ့ ကုတင်ပေါ်က ကောင်လေးကြည့်လိုက်တာ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ပြန်ကြည့်လာ၏။
ဒီကောင်လေးက တကယ် လှတာပဲလို့ နေလွင်မှတ်ချက်ပေးမိ၏၊ နေလွင်လို ယောင်္ကျားလေးမို့ ခန့်တယ်ဆိုတဲ့အမျိုးအစားထဲမှာမပါပဲ ဖြူဖြူဖွေးဖွေး ညှပ်ညှပ်လေးနဲ့ ချစ်စရာကောင်းသည့် Cute type လေးဖြစ်သည်။
မျက်နှာနုနုလေးမှာ မိန်းကလေးတွေလို လှပတဲ့ပုံစံမျိုးဆိုတာထက် မြင်သူတိုင်းကို အေးချမ်းမှုပေးနိုင်တဲ့ အကြည်ဓာတ်ကလေးတွေ ပြည့်နှက်နေသည့် ပုံစံလေးဖြစ်၏။
YOU ARE READING
ဟိံ
RomancePlot လေးမှာ Porn movie လောကအကြောင်း အနည်းငယ် အခြေခံပြီး ရေးမှာဖြစ်ပါတယ်၊ 21+ ဖြစ်တဲ့အတွက် မယဉ်ကျေးတဲ့အသုံးအနှုန်းနဲ့ မသင့်တော်တဲ့အမူအယာတွေ အတော်အတန်ပါဝင်မှာဖြစ်တာကြောင့် အသက်မပြည့်သေးတဲ့ မောင်ငယ်၊ညီမငယ်တွေ ဖတ်ဖို့မသင့်ဘူးဆိုတာ အကြံပေးပါရစေနော်...🚨🚨...