Ep [ 25 ]

5.9K 254 6
                                    

#ZG

"ကျွန်တော်အဆင်ပြေပါတယ်၊ မေမေ လန့်သွားမှာပဲစိုးတယ် "

"တောက်...ဒီလောက်ဖြစ်နေတာကို ဘာလို့ကိုယ့်ဆီကို ထွက်မလာခဲ့တာလဲ၊ ပတ်ဝန်းကျင်ကြားအောင် အော်ပြီးအကူအညီတောင်းလို့ရော မရလို့လားကွာ၊ မင်းကို ဒီမအေ-ိုးက သေလောက်အောင်ရိုက်နေတာလေ ဟိံရ "

ရဲပတောင်းခတ်နေတဲ့ ဟိံရဲ့ဘယ်ဘက်ပါးပြင်လေးကို ငြင်သာစွာ ပွတ်သပ်ရင်း နေလွင် ကရုဏာဒေါသနဲ့ အသံအနည်းငယ်မာစွာ ဆူငေါက်ပစ်မိသည်။

အဆူခံရတော့ မျက်နှာငယ်လေးနဲ့ နေလွင်ကို မော့ကြည့်နေ၏။
သူ့မျက်နှာကို ကိုင်တွယ်နေတဲ့ နေလွင့်လက်ကို ဖယ်ရှားရင်း လေသံအေးအေးလေးနဲ့ တိုးညှင်းစွာ ပြောလာသည်။

"ထားပါတော့...ဒါရိုက်တာကြီးရယ်၊ ဟိံ ဘာမှမဖြစ်တော့ပါဘူး၊ ပြီးတော့ သူ့ကို ရဲစခန်းကနေ သွားထုတ်ပေးရဦးမယ် "

"ကျစ်...မင်းကို ဒီလောက်တောင် နှိပ်စက်နေတဲ့လူကို ပြန်ကယ်ထုတ်ပေးချင်သေးတာလား "

"ဟိံစိတ်လိုဆို ပစ်ထားလိုက်ချင်တာပေါ့ ဒါရိုက်တာကြီးရယ်၊ အခုက ဟိံနဲ့ပြသာနာတက်လို့ အပြင်ထွက်သွားပြီးမှ... "

"မင်းကြောင့်မှ မဟုတ်တာကွာ၊ သူဘာသာ လုပ်တဲ့ကိစ္စလေ၊ မင်းနဲ့ ရန်မဖြစ်လည်း အဲ့လူက ဖဲဝိုင်းကို သွားမှာပဲ "

"ဒါပေမယ့်..."

"တော်ပြီ ဟိံ၊ အခု မင်းကိုယ်မင်းပဲ စိတ်ပူသင့်တယ်၊ ပါးတစ်ခြမ်းလုံးလည်း ယောင်ကိုင်းလို့၊ရှေ့လျောက် ကိုယ်ရှိရက်နဲ့ မင်း ဒီလိုအနိုင်ကျင့်ခံနေရတာမျိုး ကိုယ်လုံးဝလက်မခံနိုင်ဘူး၊ ကြာရင် ဒီလူကို ကိုယ်သတ်ပစ်မိတော့မယ်၊ မဖြစ်ဘူး အဲ့လူနဲ့တစ်အိမ်တည်းမနေနဲ့တော့၊ မင်းနောက်ဆို ကိုယ်နဲ့လာနေရမယ် ဟိံ"

ဒါရိုက်တာကြီးရဲ့ စိတ်ပူလို့ပြောလာတဲ့ စကားလေးက ဟိံရင်ထဲ နွေးခနဲ့ပါပဲ။
ကိုယ်က ဒီစကားလေးတွေအပေါ် အကြောင်းမဲ့ သာယာလို့မဖြစ်ကြောင်းကို ရင်ထဲကနေပဲ သတိပေးလိုက်ရသေးသည်။

အရယ်လေးနဲ့ သူတပါးရဲ့လေးနက်တဲ့စကားကို ပေါ့ပေါ့ပျက်ပျက်ဖြစ်အောင် ပြောရတာ ဟိံရင်ထဲ ဘယ်လိုမှ နေလို့ မကောင်းပေမယ့်...

ဟိံWhere stories live. Discover now