⟪39⟫

2.6K 386 0
                                    

ငါ ထင်တာတော့ ရှန်းချောင်ဝေအပေါ် ထားတဲ့ ငါ့ခံစားချက်တွေလည်း ပြောင်းလဲသွားတယ်။

ဒါက အရမ်းကို လေးနက်တဲ့ ပြဿနာပဲ။

သူ့အတွင်းခံက ငါ့ရဲ့ ‘ ကောက်တွေ့ ’ တာကို ခံရတာ မဟုတ်ဘဲ ‘ ယူသွား ’ တာကို ခံရတယ်ဆိုတာ ရှန်းချောင်ဝေ သေချာပေါက် သိမှာ မဟုတ်ဘူး။

ငါ အဲ့တာကို သူ့အတွက် လျှော်တောင်လျှော်ပေးခဲ့သေးတယ်...

အဲ့တာနဲ့ ငါ WeChat မှာ ကျိချောင်ကို မေးလိုက်တယ် : ကျိချောင် ငါ လော်ကာခန်းအမှားထဲ ဝင်သွားခဲ့တဲ့ အကြောင်း နင် ရှန်းချောင်ဝေကို ပြောပြလိုက်သေးလား?

ကျိချောင် : ဟင့်အင်း

ငါ : နင် ဘာလို့ သူ့ကို မပြောပြလိုက်တာလဲ?

ကျိချောင် : သူ အရင်ကတည်းက သိတယ်

ဒီစကားလုံးရှစ်လုံးကို ကြည့်ရင်း ငါ ကြက်သေသေနေမိတယ်။

ငါ သင်ခဲ့ရတဲ့ ကိုးနှစ်တာ မသင်မနေရ ပညာရေးက ငါ့အတွက် ထိရောက်မှု မရှိဘူးလားလို့ ငါ တွေးနေမိတယ်။ ဘယ်လိုဖြစ်လို့ ဒီစကားလုံးရှစ်လုံးကို ငါ မမှတ်မိနိုင်ရတာလဲ?

ငါ : သူ သိပြီးသား?

ကျိချောင် : အင်း

ငါ : သူ ဘယ်တုန်းက သိတာလဲ?

ကျိချောင် : ငါလည်း မသိဘူး အစကတည်းက သိနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့

အစကတည်းက အဲ့အကြောင်းကို သူ သိနေခဲ့တာလား? !

ငါ သေလောက်အောင် မှင်သက်နေမိတယ်။

ဒီတစ်ချိန်လုံး ရှန်းချောင်ဝေက ငါ့ကို အပျော်သဘောနဲ့ စနောက်နေတာလား?

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now