⟪27⟫

2.7K 392 8
                                    

အားကစားကွင်းထဲ ငါ ပတ်ပြေးတယ်။

ပြေးနေရင်းက ငါ့နောက်မှာ နောက်ထပ် လူတစ်ယောက် ရှိနေတာကို ရုတ်တရက် တွေ့လိုက်ရတယ်။

ရှန်းချောင်ဝေ : “ မင်း ဘာဖြစ်လို့ အတန်းလာမတက်တာလဲ? ”

ငါ : “ ငါ အတန်းတက်စရာ ရှိမှန်း နင် ဘယ်လိုသိ   လဲ? ”

ရှန်းချောင်ဝေ : “ ကိုယ့်မှာလည်း အဲ့အတန်းချိန် ရှိတယ် ”

ငါ : “ နင့်လို ထိပ်တန်း ကျောင်းသားတစ်‌ယောက်က ဘယ်လိုလုပ်ပြီး အတန်းလစ်နိုင်ရတာလဲ? ”

ရှန်းချောင်ဝေ : “ မင်းမလာတာ တွေ့တာနဲ့ ကိုယ်လည်း အတန်းလစ်လိုက်တော့တာ ”

ငါ့ရဲ့ နှလုံးခုန်နှုန်းက ရုတ်တရက်ကြီး အရှိန်မြင့်လာတယ်။

မကြာသေးခင်ကမှ ငါ့ရဲ့ ရင်ထဲမှာ တစ်စို့နေခဲ့တဲ့ စိုးရိမ်မှုတွေနဲ့ လျို့ဝှက်ချက်တွေ အားလုံးက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာတယ်။

ငါ မနေနိုင်ဘဲ မေးမိတော့တယ် : “ အတန်းဖော်
ရှန်း Confession Wall မှာ နင့်ရဲ့ အတွင်းခံကို ခိုးတဲ့ အမျိုးသမီးနှာဘူးအကြောင်း ဘယ်သူ တင်တယ်ဆိုတာ နင် သိလား? ”

ရှန်းချောင်ဝေ : “ ကျိချောင် ”

သူ ဖြစ်လိမ့်မယ်လို့ ငါ ရေးတေးတေးတော့ ခန့်မှန်းမိသား။

ငါ : “ ငါ နင့်ရဲ့ အတွင်းခံကို တကယ် ကောက်တွေ့ခဲ့တယ်ဆိုတာ ယုံလား? ”

ရှန်းချောင်ဝေ : “ ကိုယ် ယုံတယ် ”

ခဏအကြာမှာ‌ ငါ့ရဲ့ အသိစိတ်‌လေးက တကယ် ပြဿနာ ဖြစ်လာတော့တယ်။

ငါ : “ နင် ငါ့ကို အဲ့လောက်တောင် ယုံတယ်ပေါ့? တကယ်လို့ ငါက နင့်အတွင်းခံကို ခိုးတဲ့ နှာဘူး ဖြစ်နေရင်ရော? ”

ရှန်းချောင်ဝေက ရုတ်တရက်ကြီး သူ့ခေါင်းကို လှည့်လာရင်း ငါ့ကို ကြည့်ပြီး ရယ်လိုက်တယ်။ သူ့မျက်လုံးတွေက ကောင်းကင်က ကြယ်တွေလိုပဲ တလက်လက် တောက်ပလို့။

ငါ အသက်ရှု ရပ်သွားရတယ်။

ရှန်းချောင်ဝေ : “ မင်းက အဲ့လိုဆိုလည်း ဘာဖြစ်လဲ။ ကိုယ့်ရဲ့ အိပ်ဆောင်ထဲမှာ အများကြီး ရှိသေးတယ်။ မင်း ကိုယ့်ကို အဲ့ဒါတွေအားလုံး မင်းအတွက် ပေးစေချင်လား? ”

ငါ : ......

ရှန်းချောင်ဝေ : “ အခု ကိုယ့်ခန္ဓာကိုယ်မှာလည်း တစ်ခု ရှိသေးတယ်။ မင်းလိုချင်ရင် ကိုယ် မင်းအတွက် ချွတ်ပေးလို့ ရတယ်နော် ”

ငါ လှည့်ပြီး ပြေးတော့တယ်။

ကယ်ကြပါ ဒီမှာ နှာဘူး တစ်ယောက် ရှိနေတယ်!

━━━━━━━━━━━━━━━━━━━━

wenwen's note :

ရှန်းချောင်ဝေလို အတွင်းခံပါ ချွတ်ပေးမဲ့ ကောင်လေးမျိုးヽ(´▽')/

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now