⟪11⟫

3.3K 409 0
                                    

WeChat တွင် ──

ရှန်းချောင်ဝေ : ကိုယ့်ကို အခု မြင်ပြီလား?

ငါ : ......

ငါ : တောင်းပန်ပါတယ် အတန်းဖော်ရှန်း ငါ မှားသွားပါတယ် ငါက ကန်းနေခဲ့ပြီး ကောင်ချောလေးကို မမြင်ခဲ့မိဘူး!

နေပါဦး ဒါက ကြည့်ရတာ တစ်ခုခုတော့ မှားနေသလိုပဲ။

ငါ : ငါ ဘယ်လိုပုံစံရှိတယ်ဆိုတာကို ဘယ်လိုသိလဲ?

ငါ : ငါ့ကို မသိဘူးမလား?

ရှန်းချောင်ဝေ : မင်း အခန်းထဲကို ဝင်လာကတည်းက မင်းနာမည်ကို မင်းသူငယ်ချင်းက ဆက်တိုက် ခေါ်နေတာလေ ကိုယ်က အကန်းမှမဟုတ်တာ

ငါ : ......

ဒီရှင်းပြချက်က အဓိပ္ပာယ်တော့ ရှိသလိုပဲ။

သူ ငါ့ကို မမှတ်မိသင့်ဘူးလေ ဟုတ်တယ်မလား? တကယ်လို့ သူသာ ငါက အဝတ်လဲခန်းမှားဝင်တဲ့
‘ အမျိုးသမီးနှာဘူး ’ ဆိုတာကို သတိပြုမိသွားရင်...

ငါ : အတန်းဖော်ရှန်း ငါ့ကို ရင်းနှီးနေတယ်လို့ ထင်လား?

ရှန်းချောင်ဝေ : ရင်းနှီးတယ်

ငါ့နှလုံးသားဟာ မိုးကြိုးတစ်စင်းနှယ် ခုန်နေခဲ့တယ်။

ရှန်းချောင်ဝေ : တွေ့ရများတဲ့ မျက်နှာမျိုး

ငါ : ......

အရမ်း စိတ်တိုတာပဲ ဒီလူမှာ တကယ့်ကို အဆိပ်ပြင်းတဲ့ လျှာ ရှိတယ်!

ငါ : ငါ နင့်ကို ဘယ်အချိန် ပစ္စည်း ပေးရမလဲ?

ရှန်းချောင်ဝေ : အတန်းပြီးရင်

ငါ ရှန်းချောင်ဝေနဲ့ စကားများနေတုန်းမှာပဲ ဆရာက အတန်းကို စခဲ့တယ် ဒါပေမယ့် ကံဆိုးသူ ငါလေးကတော့ လုံးဝကို အာရုံမစိုက်မိဘူးလေ။

ပရော်ဖက်ဆာအိုကြီးက roll ကိုထုတ်ပြီး ငါ့နာမည်ကို မခေါ်ခင်အထိ မှိန်း‌မောနေတဲ့ အမူအရာနဲ့ ငါ ထပဲရပ်ခဲ့သလား?

အဲ့ဒါ Roll Call မဟုတ်လား?

“ ဒီမှာ ရှိပါတယ်! ”

အခန်းတစ်ခုလုံးဟာ ရယ်သံတွေနဲ့ ပြည့်နှက်သွားတယ်။

ရှောင်ကျန်းက ငါ့ကို ထိလိုက်ပြီးတော့ “ မေးခွန်းကို ဖြေရမှာ... ”

ငါ အနီးကပ် တစ်ချက် ကြည့်လိုက်တယ် ပြီးတော့ slide ပေါ်မှာ တကယ်လည်း multiple choice question တစ်ခု ရှိနေခဲ့တယ်။

ငါ တိုးညှင်းတဲ့ အသံလေးနဲ့ မေးလိုက်တယ် “ ငါ  ဘယ်ဟာကို ရွေးရမှာလဲ? ”

ရှောင်ကျန်း : “ ငါ မသိဘူး... ”

ငါ ကြုံရာတစ်ခုကို မှန်းလိုက်တော့မယ့်အချိန်မှာပဲ ဖုန်းစခရင်က ပွင့်လာတယ်။

ရှန်းချောင်ဝေ : B ကို ရွေးလိုက်

ငါ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်တယ် : “ B ကို  ရွေးရမှာပါ! ”

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now