⟪35⟫

2.6K 343 0
                                    

WeChat တွင် ──

ငါ : အတန်းဖော်ရှန်း ငါတော့ ငါတို့ ကြား အကွာအဝေးကို ထိန်းထားဖို့ လိုတယ်လို့ ထင်တယ်

ရှန်းချောင်ဝေ : ဘာလို့လဲ?

ဘာဖြစ်ရမှာလဲ? သေချာပေါက်ကို အဲ့ဒါက ဘာလို့လဲဆိုတော့ ငါ့ကို နင့်ရဲ့ ကောင်မလေးလို့ ထင်နေကြလို့လေ!

ဒါပေမယ့် ငါ အဲ့စာကြောင်းကို ရိုက်ပြီးတော့ ဖျက်တယ်၊ ဖျက်ပြီးတော့ ရိုက်တယ် နောက်ဆုံးမှာတော့ ငါ အံကို တင်းတင်းကြိတ်လိုက်တယ်။

ငါ : ဘာလို့လဲဆိုတော့ အဲ့ဒါက မသင့်တော်လို့ပေါ့

နှစ်မိနစ်လောက် ရပ်တန့်သွားတယ်။

ရှန်းချောင်ဝေ : မင်း ကိုယ့်ကို မုန်းလား?

ငါ : မမုန်းပါဘူး...

ရှန်းချောင်ဝေ : တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုယ်လည်း မင်းကို မမုန်းဘူး

ငါ : ......

ခေါင်းစဉ်က အစက ပြောနေတဲ့ အကြောင်းအရာနဲ့ ပိုပိုပြီး ဝေး‌ဝေးလာနေတာ မဟုတ်ဘူးလား?

ရှန်းချောင်ဝေ : မင်း Music Concert တစ်ခု သွားချင်လား?

ငါ : ဘာ?

ရှန်းချောင်ဝေ : ကိုယ့်မှာ လက်မှတ်နှစ်စောင် ရှိတယ် မင်း တူတူ သွားချင်လား?

ရှန်းချောင်ဝေ : မင်းကိုပဲ ဆုံးဖြတ်လိုက်ပြီ ငြင်းခွင့်မပြုဘူး

နင်က ငါ မငြင်းနိုင်ဘူး ပြောတာနဲ့ပဲ ငါက မငြင်းတော့ဘူးတဲ့လား?

ငါ : ......

ငါ : အိုခေ

တကယ်လည်း ငါ အရင်က Music Concert ကို တစ်ခါမှ မသွားဘူးတော့ ငါ ထူးထူးခြားခြားကို သိချင်နေမိတယ်။

အတွင်းခံတစ်စုံမှအစပြု၍ Where stories live. Discover now