ချင်းကျင်းတင် အနမ်းကို မကျေနပ်တာမဟုတ် ယောင်ယောင်လည်း မကျေနပ်ပေ သူမက အရည်လဲ့နေတဲ့ မျက်လုံးတွေနဲ့ ချင်းကျင်းကို တောင်းဆိုသလိုကြည့်နေကာ သူမ နှုတ်ခမ်းတွေကပိုလို့တောင်လှပနေသလိုပင်

"သွားရအောင်" မသင့်တော်ဘူး ခံစားရတာကြောင့် ချင်းကျင်းက စိတ်ငြိမ်အောင်ထိန်းကာ ယောင်ယောင်လက်ကိုကိုင်မလို့လုပ်လိုက်ပေမယ့် ယောင်ယောင်က အကိုင်မခံခဲ့

သူလည်း သူမှားမှန်းသိတာကြောင့် သူမ ရှက်နေတယ်ထင်ပြီး ရယ်ကာ သူမ နောက်ကနေသာ လိုက်သွားတော့သည်။

အိမ်ပြန်ရောက်တော့ နောက်တောင်ကျလို့နေပြီ ယောင်ယောင်ရေချိုးပြီး ဆိုဖာပေါ်လှဲကာ မှတ်စုတွေဖတ်လို့နေသည်။ ဒီရက်တွေ  သူမ စာမေးပွဲရှိတော့ ကျက်ရမှာတွေ အများကြီးဆိုပေမယ့် သူမ စာလုပ်ချင်စိတ် နည်းနည်းလေးတောင်မရှိနေခဲ့ ရေချိုးခန်းတံခါးကပိတ်ထားပြီးတော့ သူမ ရေကျသံတွေကို နားထောင်နေခဲ့သည်။

ညစ်ပတ်တဲ့အကြောင်းတွေက်ိုလည်း မတွေးဘဲမနေနိုင် သူမဘယ်လိုလုပ် စာဖတ်ပြီးအေးဆေးအိပ်နိုင်မှာလဲ

အချိန်တွေကုန်တာနှေးလွန်းသလိုပင် ချင်းကျင်းကလည်းရေအကြာကြီး ချိုးနေသလို သူမ ခံစားနေရသည်။ တံခါးဖွင့်သံကြားတော့ ဆိုဖာပေါ်လှဲပြီး ရေချိုးခန်းတံခါးကိုပဲ​ဆက်တိုက်ငေးနေခဲ့တဲ့ယောင်ယောင် ချက်ချင်း မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင််ဆောင်လိုက်တော့သည်။

ချင်းကျင်းက ဆံပင်သုတ်ရင်းရေချိုးခန်းထဲကထွက်လာခဲ့သည်။ ယောင်ယောင် အိပ်ပျော်နေတာမြင်တော့ သူ ကူကယ်ရာမဲ့သွားတော့သည်။ သူမက တကယ့်ကို စိတ်ပုတ်တာပဲ ဒီတိုင်း အိပ်သွားနိုင်တယ်ပေါ့ သူ တဘက်ကိုချကာ သူမကိုပွေ့ချိီလိုက်သည်။ သူမက သူ့လက်ထဲ တောင့်တောင့်ကြီးဖြစ်နေတာမြင်တော့ သူမ အိပ်ချင်ယောင်ဆောင်နေမှန်း သူသိသွားတော့တာပေါ့

ဒါမဲ့လည်း ချင်းကျင်းက ဆက်ပြီး မသိချင်ယောင်ဆောင်လိုက်ကာ သာမန်လိုပဲ ယောင်ယောင်ကို အိပ်ခန်းထဲ ပွေ့ခေါ်သွားပြီး သူမကို အိပ်ရာပေါ်ချ လှည့်လိုက်တဲ့ချိန်မှာပဲယောင်ယောင်က သူ့ အဝတ်စား အနားလေးကို ဆွဲထားလိုက်တော့သည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now