အချစ်ကိုကြည့်လိုက်တော့
မြင်လိုက်ရတဲ့ပုံစံကြောင့် သူပြုံးမိသည်...။
ပါးစပ်လေးဟကာအိပ်မောကျနေတဲ့
အချစ်က လည်ပင်းမှာလဲသူပေးထားတဲ့
အချစ်သင်္ကေတတွေနဲ့...။
ပေါ်နေတဲ့ပုခုံးသားလေးကိုအုပ်အောင်...
အောက်လျှောကျနေတဲ့စောင်ကိုဆွဲတင်
ပေးလိုက်သည်...။
နဖူးပေါ်အုပ်နေတဲ့ဆံပင်လေးတွေကိုလဲ
သပ်တင်ပေးလိုက်ပြီး ဖြူမွတ်နေတဲ့နဖူးပြင်
ပေါ်သို့အနမ်းလေးတစ်ပွင့်....။

"ပြွတ်စ်..."

သူနမ်းပြီးတဲ့အထိအိပ်မောကျနေဆဲဖြစ်တဲ့
အချစ်ကလေးကိုကြည့်ကာ သူနှစ်နှစ်ကာကာ
ကိုပြုံးလိုက်သည်....။
ကိုယ့်အချစ်ကလေးကပင်ပန်းထားတာကိုး..။
ကောင်းကောင်းအိပ်ပါစေ...။

သူကတော့ ကုတင်ပေါ်ကဆင်းကာ
ကုတင်အောက်မှာပြန့်ကျဲနေတဲ့အဝတ်တွေ
ကိုလိုက်ကောက်ပြီး ဝတ်လိုက်သည်...။
ဝတ်ပြီးချိန် အချစ်ရဲ့ကုတင်ဘေးက
ယောက်ဖလောင်းရဲ့ကုတင်ကိုမြင်လိုက်
တော့ မလုံမလဲဖြစ်သွားရသေးသည်...။
တဆက်တည်းကြားယောင်လာပြန်တာက
ယောက်ဖလောင်းရဲ့အော်ငေါက်သံတွေ...။
သူ့ယောက်ဖလောင်းကတော့ သူ့ကို
အတွေးနဲ့တင်အသည်းအေးစေသည့်သူ
ပါလား...။
တော်ပြီ... တော်ပြီ...ထိုကြောက်စရာ
အတွေးတွေကိုရပ်တန်းကရပ်လိုက်သည်..။
နောင်ကိစ္စနောင်ရှင်းပဲ...။
ဆက်တွေးနေရင် စိတ်ဖိစီးရုံပဲရှိမယ်...။

အချစ်ရဲ့အဝတ်တွေကိုလဲ လိုက်ကောက်ကာ
ကုတင်ခြေရင်းမှာသေချာလေးတင်ပေးထားလိုက်ပြီးအပြင်ထွက်လာလိုက်သည်...။

အပြင်ရောက်တော့ မှောင်မဲနေတဲ့အခန်းက
ဆီးကြိုလျက်..။
နေ့လည်လောက်ကတည်းကအိပ်ပျော်
သွားကြတာဆိုတော့ မီးလဲမဖွင့်ထားမိ..။
သူအရင်ဆုံးမီးတွေကိုသွားဖွင့်လိုက်သည်...။
မီးဖွင့်လိုက်မှ ခနတွင်းချင်းလင်းသွားတဲ့
အိမ်ခန်း...။

သူ ညစာချက်ဖို့တွေးမိသည်...။
တစ်ခါမှတော့မချက်ဖူးပေမယ့်..ကြိုးစား
ပြီးတော့ချက်ကြည့်ရမယ်...။
အချစ်က သူ့ဆန္ဒတွေပြည့်မြောက်ဖို့အရေး
ပင်ပန်းထားရတာမလား...။
ထိုအတွေးနဲ့အတူ သူမီးဖိုခန်းထဲဝင်လာ
လိုက်သည်...။.

မင်း!...[COMPLETED]Where stories live. Discover now