Ep 3 [ရှုပ်ထွေးခြင်း]

590 62 4
                                    

8:45 AM

ရုံးက 9နာရီ မှ တက်မှာမို့ Junkyu , Jihoon အတွက်နဲ့ သူ့အတွက် coffee ဖျော်ရန် ထမင်းစားခန်းထဲဆင်းသွားလိုက်သည် ။ ပြီးတော့ Jihoon အတွက် Coffee ချိုချို တစ်ခွက် ... သူ့အတွက်ကတော့ coffee ခါးခါးထဲမှာ သံပုရာသီး တစ်စိတ်ညှစ်ရင်းနဲ့ပေါ့...

ဘယ်တုန်းထဲက စွဲသွားမှန်းမသိပေမယ့် Coffee ကို သံပုရာသီးညှစ်သောက်တာ အကျင့်တစ်ခုဖြစ်လို့နေပြီ...

Coffee ဖျော်ပြီး ရုံးခန်းထဲပြန်ရောက်တဲ့ထိ Ruto ကို မတွေ့ရသေးတာမို့ ...

"Jihoon ... Ruto မလာသေးဘူးလား"

"ဟိုမှာလာပြီ"

Junkyu လှည့်ကြည့်လိုက်တော့ ပန်ဒါမျက်လုံးနဲ့ ruto ... ဆံပင်က‌လဲ ရှုပ်ပွနေပြီး ရုံးတောင်မလာချင်လာချင်နဲ့ လာရတဲ့ပုံပင်...

နောက် Junkyu ဘေးနားက ခုံကို ဆွဲဝင်ထိုင်ကာ စားပွဲပေါ်မှောက်အိပ်နေတော့သည် ။

"Haruto .. ရုံးကိုလဲ ခုမှလာသေးတယ် ပြီးတော့ ခုံမှာ မှောက်အိပ်နေသေးတယ်ပေါ့"

Jihoon က အသံမာမာနဲ့ပြောတော့ ruto စိတ်ညစ်တဲ့မျက်နှာမျိုးနှင့် ခေါင်းပြန်ထလာသည် ။

Junkyu , ruto ဘေးနားဝင်ထိုင်ရင်း ပွရှုပ်နေသောဆံပင်များကို လက်နဲ့ သပ်ကာ ပြင်ပေးတော့ Junkyu ကို မျက်လုံးဝိုင်းကာ ကြည့်လာသည်။

"ခေါင်းတွေလဲ ရှုပ်ပွနေတာ ... မဖြီးလာဘူးလား"

"အင်း ဘာမှလုပ်ချင်စိတ်မရှိလို့"

"မနက်စာရော စားပြီးပြီလား"

ဘာမှပြန်မဖြေပဲ ခေါင်းခါပြတော့ Junkyu မနက်က အိမ်နားမှာ ဝင်ဝယ်လာတဲ့ ပေါင်မုန့်ကို ထုတ်ကာ ပေးလိုက်သည်။

"Hyung coffee သွားဖျော်ပေးမယ် ဒါစားထားနှင့်"

Junkyu coffee သွားဖျော်ပြီး ပြန်လာတော့ Jihoon ရှိမနေတော့ ...

"Jihoon , ‌Yoshi Hyung ဆီသွားပြီလား"

"အင်း သွားပြီ"

စားပွဲပေါ်က ပေါင်မုန့်ထုပ်က အရာမယွင်းသေး... Junkyu coffee ကို Ruto ရှေ့ချလိုက်ပြီး မုန့်ပါ တစ်ခါတည်းဖောက်ပေးလိုက်သည်။

"မစားချင်လဲ စားလိုက် ... မင်းကို ကြည့်ရတာ မေ့လဲတော့မလိုပဲ"

What Are We?Tempat cerita menjadi hidup. Temukan sekarang