Ep 4 [ရှောင်ဖယ်ခြင်း]

654 76 14
                                    

"Junkyu.... မင်း သောက်တာအရမ်းများနေပြီ .. တော်တော့"

Jihoon , Junkyu ဆီမှ သောက်လက်စ ဘီယာဘူးကို လှမ်းယူကာ ဘေးကို ချလိုက်သည်။

"ငါ့ကို သောက်ခွင့်ပေးစမ်းပါ Jihoon ရယ် .. ငါ့စိတ်တွေအရမ်းရှုပ်ထွေးနေလို့ပါ"

Jihoon လဲ သက်ပြင်းချရုံမှတစ်ပါး ဘာမှမတတ်နိုင်... သူ့ကို Yoshi Hyung ပြောလို့ Sahi နဲ့ Ruto အကြောင်းသိပြီးပြီ .. Ruto အပေါ် Junkyu စိတ်ရှိနေမှန်း သူ အစောတည်းက ရိပ်မိပြီးသားပင် ...ဒါကြောင့်ပဲ Junkyu ကို တွေ့ရန် ချိန်းလိုက်ခြင်းဖြစ်သည်...  သို့ပေမယ့် ဒီလောက်ခံစားနေရတဲ့ထိ သဘောကျခဲ့မှန်းတော့ သူမထင်ထားခဲ့...

"မင်း Ruto ကို စိတ်ရှိနေမှန်းသိလို့ အချိန်မလွန်ခင် စိတ်ဖြတ်နိုင်အောင် ကြိုးစားဆိုပြီး ပြောဖို့ ဒီနေ့ချိန်းလိုက်တာ ... ဒီလောက်ပြဲကွဲနေအောင် မူးလောက်တဲ့ထိ Ruto ကို သဘောကျနေမယ်မှန်း ငါမသိခဲ့ဘူး Junkyu ရာ"

"မင်း စိတ်ထဲမယ် ငါက ၂ လ ဆိုတဲ့အချိန်အတွင်းမှာ Ruto ကို ဒီလောက်မြန်မြန်သဘောကျလို့ လွယ်တယ်လို့ ထင်ရင်လဲ ထင်နိုင်မယ် Jihoon .. ဒါမယ့် သူကိုယ်တိုင်ကကို ငါ့စိတ်ထဲ လျင်လျင်မြန်မြန်တိုးဝင်လာခဲ့တာ"

Junkyu ခုနက Jihoon ဆွဲယူထားတဲ့ Beer ဘူးကို ပြန်ဆွဲယူရင်း တစ်ကျိုက်မော့သောက်လိုက်သည်။

"နေ့တိုင်းကွာ ... နေ့တိုင်း .. မနက်မိုးလင်းမျက်လုံးဖွင့်တည်းက ည အိပ်ချိန်ထိ ... ရုံးမှာဆိုလဲ ရုံးမှာမို့ အိမ်မှာဆိုလဲ Online ကနေ ... စကားပြောစရာမရှိတောင် ကြံဖန်ပြီး စကားလာလာပြောတဲ့ အဲ့ကောင်လေးကို ငါ သဘောကျမိတာ ငါမှားလား ... မင်းလဲ မြင်မှာပါ .. သူ ငါ့အပေါ် ဘယ်လောက် ဂရုစိုက်လဲဆိုတာ"

Jihoon , Junkyu ကို ကြည့်ပြီး တစ်ကယ် စိတ်မကောင်း ... တစ်ကယ်လဲ Ruto က Junkyu ကိုဆို သူ့ထပ်တောင် ဂရုစိုက်တာ သူမြင်ရသည်လေ .. သူကိုယ်တိုင်တင်မက ရုံးကလူတစ်ချို့တောင် Ruto နဲ့ Junkyu ကို အီစီကလီ ဆက်ဆံရေးဖြစ်နေပြီထင်ပြီး စ နေကြသေးတာ....

" ငါ သူတို့ကို အချင်းချင်းသဘောကျလား ဆိုပြီး မေးခဲ့တယ် ... အဲ့တုန်းက နှစ်ယောက်လုံးက အသည်းအသန်ငြင်းကြတာကွာ... ငါပြောချင်တာက တစ်ကယ်တမ်း ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြရင် ငါ ဒီလိုတွေခံစားနေရမှာမဟုတ်ဘူး Jihoon ... ပြန်စဉ်းစားကြည့်ရင် ငါ့ကို ဂရုစိုက်နေတာကလဲ Sahi  က ဂရုစိုက်ခိုင်းလို့ ဂရုစိုက်ပေးနေတာဖြစ်နိုင်တာပဲ ... ငါကိုက သတိမထားမိခဲ့တာ"

What Are We?Where stories live. Discover now