Ep 8 [အစထဲကမတွေ့ခဲ့ကြရင်]

769 77 8
                                    

Junkyu အိမ်ရောက်ရောက်ချင်း ဘယ်သူနဲ့မှ စကားမပြောပဲ အခန်းထဲပြေးဝင်ကာ တံခါးလော့ချလိုက်သည်...

ကုတင်ပေါ်မှာ ပက်လက်လှန်လှဲနေရင်း ရပ်တန့်မှုမရှိ ခုန်နေတဲ့ သူ့ရင်ဘတ်ကို လက်နှင့်အသာဖိရင်း ခုနကဖြစ်ခဲ့သော အဖြစ်အပျက်ကို ပြန်တွေးနေမိလေသည်...

သူ ခုနက ....
Ruto နဲ့ နမ်းခဲ့တယ်!!!!!!

အသိစိတ်ပျောက်နေတဲ့လူလိုမျိုး ... အသက်ရှူမဝတော့တဲ့ထိ သူတို့နမ်းခဲ့ကြတယ်....

Junkyu အသိပြန်ဝင်လာတော့မှ ruto ကို သူတွန်းထုတ်ပြီး ထွက်ပြေးလာခဲ့တာ .. Ruto ဘယ်လို ကျန်နေခဲ့လဲ သူမသိတော့ ..

အယ် ခုမှ သတိရတယ် ... သောက်ထားတာတွေ ruto တစ်ယောက်တည်း ရှင်းလိုက်ရမှာပဲ... မနက်ဖြန်မှပြန်ပေးရမယ် ..

မနက်ဖြန် ..? ရှက်လွန်းလို့ ငါ သူနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ ...?

နောက်ပြီး Sahi နဲ့ကရော? တစ်ကယ်ကြီး ပြတ်သွားပြီလား... ဘယ်လိုဖြစ်လို့လဲ .. တွဲတာမကြာသေးဘူးကို ...

ဒါမှမဟုတ် သူတို့ အချင်းချင်း စိတ်ကောက်နေကြလို့ ruto တမင်သက်သက် ပြတ်ပြီလို့ပြောတာလား ..?

Junkyu အင်္ကျီလဲ ထ မလဲမိ...ကုတင်ပေါ်လှဲနေရင်းနဲ့သာ  နှုတ်ခမ်းကို ကိုင်ပြီး အတွေးတွေများလိုက် .. ရင်ခုန်လိုက်နှင့် သောက်ထားတဲ့အရှိန်ကြောင့်နဲ့ရော လူက တစ်ခါတည်း အိပ်ပျော်သွားလေတော့သည်...

စိတ်မချနိုင်သူကတော့ အမောင် Ruto ပင်...

Junkyu hyung သူ့ကို တွန်းပြီး ထွက်ပြေးသွားတာမို့ သူနားမလည်နိုင် ..

*ဘာလို့လဲ ... သူလဲငါ့ကို သဘောကျနေတာပဲကို*

*သဘောကျတဲ့သူအချင်းချင်းနမ်း‌တာကို ဘာလို့ Hyung က ထွက်ပြေးသွားတာလဲ .. ဘာလို့လဲ?*

What Are We?Where stories live. Discover now