Ep 2 [စိတ်ထဲနေရာယူလာခြင်း]

721 76 4
                                    

ရုံးတက်တာ အခုဆို ၂ ပတ်ပြည့်ပြီ ...
Marketing Associate တစ်ယောက်အနေနဲ့ နဂိုတည်းက‌လဲ အတွေ့အကြုံရှိပြီးသားမို့ Haruto ဆီကနေ Hand over လုပ်ရတာဆိုလို့ Customer List တွေရယ် ၊ ဒီ Company က Marketing ကို ဘယ်လိုနည်းနဲ့သွားနေတယ်ဆိုတာရယ်ပဲ ပြန်သင်ရသည်။

Jihoon ကလည်း အများကြီး သင်ပေး အထောက်အကူပေးတာကြောင့် သူအလုပ်လုပ်ရတာ အားလုံး အဆင်ပြေချောမွေ့သည်။ အလုပ်က လူတွေကလဲ အမြဲပြုံးရယ်ပြီး ခင်ခင်မင်မင်ရှိလှတဲ့ Junkyu ကို မခင်သူမရှိပေ ။

Sahi ကိုတော့ ဖမ်းလို့မမိ ... တစ်ခေါက် တစ်ခေါက် ဘယ် ပျောက်ပျောက်သွားမှန်းကို မသိ ... ပေါ်လာလျှင်လဲ Haruto  နဲ့ နှစ်ယောက်သား တွတ်တွတ်ထိုးပြီး ရယ်လိုက် ၊ ပြီးရင် စိတ်ကောက်လိုက်နှင့်မို့ Junkyu မှာ အာရုံမထားနိုင် ... ကိုယ်က ကိုယ့်အလုပ်နှင့်ကိုယ်လေ ...

Haruto ကတော့ Sahi သူ့နားမှာမရှိတဲ့အချိန် / Junkyu လဲ အလုပ်ပါးနေတဲ့အချိန်တွေမှာ Junkyu ဘေးနားလာထိုင်ကာ ရယ်စရာစကားတွေ ပျော်စရာအကြောင်းတွေ လာလာပြောပြတတ်သည်။

တစ်ခုကောင်းတာက Haruto ပြောသမျှအကြောင်းတွေက Junkyu သိရင်သိ ... မသိရင်လဲ စိတ်ဝင်တစားနားထောင်တတ်သည်မို့ Haruto ပြောရတာ အားရလေသည်။

"Hyung ပဲကောင်းတယ် ... Asahi တစ်ယောက်ကတော့ ကျွန်တော်‌ ပြောပြတဲ့အကြောင်းတွေဆို ဘယ်တော့မှ စိတ်ဝင်တစားနားထောင်တယ်ဆိုတာမရှိဘူး"

"အဲ့လိုတော့လဲမဟုတ်ပါဘူး Ruto ရယ် Sahi လေးက စိတ်မဝင်စားဟန်သာပြတာ .. တစ်ကယ်တော့ သူနားထောင်ပါတယ်"

"ကျွန်တော်သတိထားမိတာကြာပြီ ... Hyung က တစ်ခုခုဆို အကောင်းဘက်က အရမ်းတွေးတယ်နော်"

"အကောင်းဘက်ကတွေးတော့ စိတ်ချမ်းသာရတယ်လေ ... အဆိုးဘက်ပဲတွေးနေရင် ကိုယ်ပဲ စိတ်ဆင်းရဲရသလို စိတ်လဲရှုပ်ရတယ်မလား"

Junkyu ပြောတော့ Haruto က ခေါင်းတညိမ့်ညိမ့်နဲ့ နားထောင်သည်။

"ကျွန်တော် coffee သွားဖျော်လိုက်ဦးမယ်"

"အင်း ... သွားလေ"

Ruto ထွက်သွားပြီး သိပ်မကြာလိုက် ... Junkyu ဖုန်းလာတာမို့ ကြည့်လိုက်တော့ Jaehyuk...

What Are We?Where stories live. Discover now