Ep 5 [သဝန်တိုမှုအစပြုခြင်း]

834 78 13
                                    

အချိန်က ည ၇ နာရီခွဲ... မိုးက အရမ်းမသည်းပေမယ့် အတော်လေးတော့ရွာနေတဲ့ထဲပါလေသည်... sahi စိတ်ထဲ Jaehyuk ပြန်လောက်ပြီလို့ပဲ တွေးလိုက်ပြီး PUBG တစ်ပွဲ ဝင်ပစ်နေလိုက်သည်....

*Knock knock*

"တံခါးဖွင့်ထားတယ် ဒေါ်လေး"

ဒီအချိန်တံခါးခေါက်မယ့်သူက ဒေါ်လေးအပြင်မရှိတာမို့ သူလှမ်းအော်ပြောလိုက်သည်...

တစ်ကယ်လဲ ဒေါ်လေးက တံခါးဖွင့်ဝင်လာပေမယ့် ဒေါ်‌ေလးတစ်ယောက်တည်းတော့မဟုတ် ... ‌အနောက်မှာ မိုးရေတွေ စိုရွှဲနေသော Jaehyuk ပါ အတူပါလာလေသည်...

"ဟမ် ... Yoon Jaehyuk... မင်းက အခုထိမပြန်သေးဘူးလား"

Jaehyuk က မျက်နှာငယ်နှင့် ခေါင်းငုံ့နေကာ ဘာမှဝင်မပြော ...

"Sahi ... မင်း သူငယ်ချင်းကို ဒီလိုပဲ မိုးရွာထဲပစ်ထားရသလား"

"ကျွန်တော့် သူငယ်ချင်းမဟုတ်..."

"ဘာမဟုတ်ဘူးလဲ နေ့ခင်းက နှစ်ယောက်စကားပြောနေတာမြင်တယ်နော် ... ကဲပါ .. ဘာမှထပ်ပြောမနေနဲ့ ... ဒီကလေးကို မြန်မြန် အဝတ်အစား လဲခိုင်းလိုက်တော့ .. မဟုတ်ရင် ဖျားနေတော့မယ်"

ဒေါ်လေးက ပြောရင်းဆိုရင်း အခန်းတံခါးပိတ်ကာ ထွက်သွားတော့မှ Sahi မျက်စောင်းထိုးကာ ကြည့်လိုက်သည်...

"Sorry ... အိမ်ထဲထိဝင်လာဖို့မရည်ရွယ်ပါဘူး"

"မရည်ရွယ်ရင် ဘာလို့ အရူးလို မိုးအစိုခံနေသေးလဲ .. မင်း hotel ပြန်ပါလား..."

Jaehyuk ဘာမှပြန်မပြောပဲ ရပ်နေတော့သည် .. Sahi မှာ အဲ့လိုကျတော့ မကြည့်ရက်... Jaehyuk လက်ကို သွားဆွဲခေါ်လာပြီး ရေချိုးခန်းထဲ တွန်းပို့လိုက်သည်..

"အဲ့မှာ ရေနွေးရှိတယ် ရေနွေးနဲ့ အရင် လောင်းလိုက်... အဝတ်အစားတွေကို ငါ ရေချိုးခန်းအဝမှာ ချပေးထားခဲ့မယ်... တစ်ခါတည်းလဲခဲ့"

Jaehyuk က ခုမှ ပြုံးရွှင်စွာနဲ့ "အင်း" ဟု ခေါင်းညိမ့်ပြရင်း ရေချိုးခန်းထဲဝင်သွားသည် ..  သူ့ အဝတ်တွေနဲ့ Jaehyuk က တော်မှာမဟုတ်တာ‌ေကြာင့် သူ့အဒေါ်ဆီပြေးကာ ဦးလေးရဲ့ အဝတ်တစ်စုံ ငှားလိုက်ကာ ရေချိုးခန်းအဝမှာ ချထားပေးလိုက်သည်။

What Are We?Where stories live. Discover now