"ဘယ်ဟုတ်မလဲ' ချင်းကျင်းက ငြင်းသည်။

ယောင်ယောင်က မှန်ထဲက အမျိုးသမီးလေးကိုကြည့်ကာ စိတ်ကျေနပ်သွားတော့သည်။ သူမရဲ့နဂိုချွန်တဲ့မေးတွေက အခု ဝိုင်းနေပြီ ကြီးမားပြီး ဝိုင်းစက်နေတဲ့မျက်လုံးတွေနဲ့ပေါင်းလိုက်တေော့ ပေါက်စီလိုပင် ဒါမဲ့လည်း အရင်သူမ မှတ်ညဏ်ထဲက ပိန်ပြီးချွန်ထက်နေတဲ့ မျက်နှာထက်စာရင် ပိုကောင်းသည်ဟု သူမခံစားရသည်။ ဝိတ်မချလည်းအဆင်ပြေပုံပင်။ ထားလိုက်တော့ နောက်ကျ လျှော့စားရမှာပေါ့

ယောင်ယောင်က ဝိတ်ချဖို့ကိုမတွေးတော့ဘဲ ချင်းကျင်းကို ဇစ်တပ်ဖို့သာ အကူညီတောင်းလိုက်တော့သည်။ "ငါ့ကိုဇစ်ဆွဲကူပါဦး"

မလုပ်ချင်ပေမယ့် ချင်းကျင်းက သူမဗိုက်က လက်ဖယ်ကာ ဇစ်ဆွဲဖို့ ကူညီပေးလိုက်သည်။

အဆင်သင့်ဖြစ်ပြီး သူတို့ ပြင်ဆင်ထားတဲ့ လက်ဆောင်တွေကို ယူပြီးတော့ နှစ်ယောက်သားထွက်လာခဲ့ကြသည်။

ဒီနေ့က ဒုံဒုံ အဘိုးရဲ့ အသက် ၈၀ ပြည့်မွေးနေ့ဖြစ်သည်လေ လူကြီးတွေက အရင်နှစ်တွေက အမြဲ တိတ်ဆိတ်အေးချမ်းတာကိုပဲ သဘောကျခဲ့တာ သူ့မွေးနေ့ကိုလည်း ရင်းနှီတဲ့သူငယ်ချင်း တချို့လောက်ဖိတ်ပြီး အိမ်မှာ ထမင်းတနပ်လောက် တူတူစားရုံပဲ အသက် အရွယ်ပိုရလာတော့ သူငယ်ချင်းဟောာင်းတွေက တစ်ယောက်ပြီးတစ်ယောက်ထွက်ခွါသွားကြပြီး ပိုတိတ်ဆိတ်ကာ အထီးကျန်လာပုံပင် အဲ့ဒါကြောင့်လည်း သူ့ကလေးတွေက သူ့ကို ပါတီပွဲကြီးကျင်းပတော့ မတားတော့တာနေမည်။��ယောင်ယောင်က ငယ်ငယ်ကတည်းက မိဘအိမ်ထက် အဘိုးအိမ်မှာနေတာ ပိုများသည်လေ သူမက ဒုက္ခပေးတတ်ပေမယ့် အလိုလိုက်ခံထားရတဲ့ကလေးလေးလိုပင် ဒီလူအိုကြီးတွေက သူမကို သဘောကျသလို သူတို့မြေးတွေနဲ့လည်းနှိုင်းယှဉ်ပြီးချီးကျုးတတ်ကြသည်လေ အဲ့ဒါကြောင့်လည်း သက်တူရွယ်တူ မိန်းကလေးတွေက သူမကို သဘောမကျကြ

တခြားသူ ကလေးတွေက သူတို့ဘာသာာတော်ကြပေမယ့် တကယ်တန်းပြောရရင် ယောင်ယောင်က အပြစ်ကင်းပါသည်။ ကိုယ့်မိသားစုက ကလေးမဟုတ်ရင် ဘယ်သူက တခြားကလေးကို စိတ်ပူကြမှာမို့လို့လဲ ပြောရရင် ယောင်ယောင်က ပြသာနာရှာတတ်ပြီး တက်ကြွနေတတ်လို့ သူတို့က သဘောကျကြပေမယ့်လို့ တဖက်မှာတော့ လူအိုကြီးတွေက သူတို့မြေးမတွေကို ပညာရေးနဲ့ပက်သက်လို့ ဖိအားပေးကြ တင်းကြပ်ကြ မိန်းကလေးလို ပြုမူတတ်အောင်သင်ကြကြလေသည်၊ သူတို့ မြေးမလေးတွေကသာ ယောင်ယောင်လို မျောက်လို့ ခုန်ဆွခုန်ဆွနဲ့ ပြသာနာရှာကြည့်ပါလား သူတို့မြေးမလေးတွေက မိန်းကလေးနဲ့ မတူဘူးဆိုပြီး ပြောဆိုအပြစ်တင်နေမှာပဲ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now