"တန်ချင်း နင်က တကယ့်ကို ငါ့ရဲ့ ကယ်တင်ရှင်ပဲ" ယောင်ယောင် ကတန်ချင်းကိုပြေးဖက်တော့သည်။

တန်ချင်းက လက်ချောင်းလေးနဲ့ သူမ မျက်နှာကိုတွန်းကာ စင်ပေါ်က ဆရာကို မျက်လုံးနဲ့ညွှန်ပြလိုက်သည်။ ယောင်ယောင်အမြန်ပြန်ထိန်းကာ သေချာထိုင်လိုက်သည်။ အဆုံးကျ အတွေးထဲ ပြန်နစ်မြောသွားတာပါပဲ

အတန်းပြီးသွားတော့ နေ့လည်စာစားချိန်ဖြစ်နေပေမယ့် ပူအိုက်နေတဲ့ ရာသီဥတုက စားချင်စိတ်ကိုဖြစ်ပေါ်မလာ သစ်ပင်အရိပ်နဲ့လမ်းဘေးမှာ လျှောက်နေရင်း နှစ်ယောက်သား ကျောင်းထဲကဆိုင်မှာ အအေးနဲ့မုန့် သွားစားသောက်ကြဖို့ ဆုံးဖြတ်လိုက်ကြသည်။

သူတို့နှစ်ယောက် နှစ်ယောက်ထိုင် ထိုင်ခုံမှာ ထိုင်ကာ အုန်းနို့ ပူတင်း နှစ်ခုကိုမှာလိုက်ကြသည်။ ယောင်ယောင်က ဇွန်းအပြည့်ခတ်ကာ စားလိုက်သည်။ အေးမြမှုက ရင်ထဲထို တိုးဝင်သွားကာ နေလို့ကောင်းလှသည်။

တန််ချင်းလည်း ပူနေပေမယ့်ယောင်ယောင်လောက် လောဘမကြီးက သူမက ဖြည်းဖြည်းချင်း ယဉ်ကျေးသိမ်မွေ့စွာသာ စားလို့နေသည်။

ယောင်ယောင်က တော်တော်ကြာလောဘတကြီးစားနေပြီးမှ ဖြည်းဖြည်းချင်း ပြန်စားသည်။ ရုတ်တရက် ပြသာနာတစ်ခုကိုတွေးလိုက်မိသည်။ ဒုတိယနှစ် စာမေးပွဲတွေပြီးရင် အလုပ်သင်ဝင်ရတော့မည်။ သူမ အမေ ကုမ္ပဏီကို ဝင်လို့ရတော့မည်ပေါ့ ကောင်းတာပဲ သူမ က အဝတ်စားဒီဇိုင်းလေ့လာတာနဲ့ပက်သက်ပြီးပဲ စိုးရိမ်နေတာ ကုမ္ပဏီကိုဝင်ပြီးလေ့လာတာက အကောင်းဆုံးရွေးချယ်မှုပဲလေ

လူနှစ်ယောက်က ကိုယ်ပိုင်အတွေးတွေနဲ့ တန်ချင်းက ရုတ်တရက် "ယောင်ယောင် နင်ရည်းစားရနေပြီလား?"

ယောင်ယောင်က မျက်တောင်ခတ်ကာ "နင်ဘယ်လိုသိလဲ?"

တန်ချင်းက သူမ လည်ပင်းကိုထိပြလိုက်တော့ ယောင်ယောင် မျက်နှာရဲသွားတော့သည်။သူမ လည်ပင်းက ကိုက်ရာတော်တော်များများက ပျောက်နေပါပြီ တချို့တလေလောက်ပဲကျန်တော့တာ အနီးကပ်ကြည့်မှ မြင်ရတာမျိုး တန်ချင်းက မျက်မှောင်ကြုတ်ကာ "ယောင်ယောင် ဘယ်သူလဲ ငါမေးလို့ရမလား?"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now