
-

အခန်း ၁၅ မင်းရဲ့ အဆုံးသတ် ငါ့ရဲ့ စတင်ခြင်း

ယောင်ယောင်က အိမ်မက်ကောင်းတစ်ခုမက်ခဲ့သလိုပင် သူမ နိုးလာတော့ အိမ်မက်ကောင်းကြောင့် စိတ်ပျော်နေခဲ့သည်။ ဒါမဲ့လည်း အိမ်မက်က ဘာလဲ ကြိုးစားနေပေမယ့် ခေါင်းက ရှုပ်ထွေးလို့သာနေသည်။

သူမ အိပ်ရာပေါ်မှာ နှစ်ခါလောက်လှိမ့်လိုက်ကာ တဖြည်းဖြည်းနိုးလာတော့ ချက်ချင်း သတိထားမိတာက သူမကိုယ်က စေးကပ်ကပ်ဖြစ်နေတာကိုပင် ကိုယ်လက်မသန့်ရသေးလို့များလား

အစက နည်းနည်း ပိုအိပ်ချင်သေးပေမယ့် စေးကပ်ကပ်ဖြစ်နေတာက နေရတာ အဆင်မပြေတာကြောင့် ထလိုက်ရတော့သည်။ ခေါင်းက နာရီက ၇ နာရီဆိုတာကိုညွှန်ပြနေတာနဲ့ယောင်ယောင် အိပ်ရာပေါ်က ဆင်းကာ ဖိနပ်လိုက်ရှာပေမယ့်မတွေ့တာနဲ့ ခြေဗလာနဲ့သာလျှောက်လိုက်ရသည်။ အေးစက်တဲ့ အထိအတွေ့က သူမကို နိုးကြားအောင် လုပ်ပေးလိုက်သလိုပင်

စောနေသေးလို့လားတော့မသိ သူမ ခြေလှမ်းဖွဖွလေးလှမ်းလိုက်သည်။ ချင်းကျင်းက နှစ်ယောက်ထိုင်ဆိုဖာပေါ်မှာထိုင်နေကာ မနေ့က အဝတ်အစားတွေကိုပဲ​ဝတ်လို့ထားသည်။ ရှပ်က ကြယ်သီးနှစ်လုံးက ပြုတ်နေကာ ရင်ဘတ်က ကြွက်သားတွေကိုဖော်ပြလို့ထားသည်။

နွေဖြစ်တာကြောင့် အာရုံဦးက စောလာခဲ့သည်။

နေရောင်က သူ့ပေါ်ဖြာကျနေလို့ အဆင်မပြေဘူးထင်သည်။ လက်နဲ့နေကို ကာပြီး အိပ်နေတာပင်

အခန်းပိုင်ရှင်ဖြစ်ပေမယ့် ဆိုဖာပေါ်မှာအိပ်နေရသည်။

ယောင်ယောင် သူ့ပေါ် ဘာမှ ခြုံထားတာ မတွေ့တော့ ဖွဖွလေး အခန်းထဲ ပြန်ဝင်ကာ စောင်တစ်ထည်ယူလာပြီး ချင်းကျင်းကို ခြုံပေးလိုက်သည်။

ပြီးသွားတာနဲ့ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ သူမ သတိမထားလိုက်မိတာက သူမ ရေချိုးခန်းထဲ ဝင်သွားတဲ့ချိန် ချင်းကျင်းက မျက်လုံးကိုကာထားတဲ့လက်ကိုဖယ်ကာ မျက်လုံးတွေက နီရဲလို့နေသည်။ တစ်ညလုံး အိပ်မထားရမှန်း သိသာလှသည်။

ရေပူချိန်ကိုညှိပြီးတော့ ယောင်ယောင် အဝတ်စားတွေကိုချွတ်လိုက်သည်။ သူမ ညအိပ်ဝတ်စုံကိုချွတ်လိုက်တဲ့ချိန် လန့်သွားတော့သည်။ သူမ ပုခုံးတွေ လည်ပင်းညှက်ရိုးတွေမှာ အနီရောင် အမှတ်တွေနဲ့ သူမလည်းလန့်သွားကာ အကုန်ချွတ်လိုက်တော့ သူမ တကိုယ်လုံးမှာ ထိုအမှတ်တွေနီနေတာကို မြင်လိုက်ရသတော့သည်။ ပေါင်အတွင်းဘက်မှာတောင် အမှတ်တွေရှိသည်။ ယောင်ယောင်မှန်ရှေ့မှာ ကြောင်ရပ်နေကာ သူမ အသားကာလည်း ဖြူတာကြောင့် တစ်ယောက်ယောက်က အားနဲ့ဆိတ်လိုက်ရင်တောင် အသားက တော်တော်ကြာနီနေမှာပင် ကြည့်လိုက်တာနဲ့ ကိုက်ရာတွေဆိုတာ အသိသာကြီး မနေ့ညက မှတ်ညဏ်တွေ ဖြည်းဖြည်းချင်းပြန်မှတ်မိလာကာ သူမ လည်ပင်းနဲ့ကို သူနှုတ်ခမ်းတွေနဲ လျက်ပြီး ကိုက်ခဲ့တာကိုပါ သတိရလာမိတော့သည်။

သေစမ်း ယောင်ယောင် တုန်သွားကာ ရေပန်းအောက် အမြန်ပြေးသွားပြီး ရေနွေးတွေနဲ့ထူးဆန်းတဲ့ခံစားချက်တွေကို ဆေးချဖို့လုပ်လိုက်သည်။

-

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now