Extra 2

5.1K 235 63
                                    

Unicode

"Kim Tae Won..! "

သားက စတော်ဘယ်ရီပန်ကိတ်နဲ့ နွားနို့သောက်ချင်တယ်ဆိုလို့ Jungkookသွားလုပ်ပေမယ့် အပြင်ပြန်ထွက်လာတော့ သားရော သူ့ဒယ်ဒီရောပါမရှိတော့.. Jungkook ရှာတာတစ်အိမ်လုံးနှံ့နေပြီ ဖြစ်သော်လည်း ဘယ်နေရာမှာမှ မရှိ၊အိမ်က ဝန်ထမ်းတွေ Bodyguardတွေမေးတော့လည်းမသိဘူးတဲ့လေ..ဒါ တမင်လုပ်ထားတာ..!

"woonie ..! ပါးခေါ်နေတာကို မထူးဘူးလား ?"

နောက်ဆုံး ခြံထဲဘက်က ပြန်တက်လာတဲ့ jin hyungကိုတွေ့တော့မှ မေးကြည့်တော့...

"woonieကိုတွေ့မိသေးလား Jin hyung ? "

" အေး မင်း သားနဲ့ ယောက်ျားနဲ့ ခြံထဲဆင်းသွားတာတွေ့တာပဲ..ရေကူးဖို့ သွားတယ်ထင်တယ် "

"ဒီသား အဖ မှာထားရဲ့နဲ့ ! တွေ့မယ် !"

ဒီသားအဖတွေ ဘာအချိုးချိုးသွားမှန်း သိလိုက်ပါပြီ..သူမသိအောင် ရေသွားကူးချင်လို့ သူ့ကို တမင် ပထုတ်လိုက်တာ..ဒါသေချာပေါက် သားရဲ့လက်ချက်ပင်..သူ့ဒယ်ဒီဆိုသည်မှာလည်း သားကတစ်ခွန်းဆိုတာနဲ့ မဖြစ်ဖြစ်အောင်ချက်ချင်းကိုလုပ်ပေးတတ်သည်..

Jungkook အတွေးနဲ့အတူ ရေကူးကန်ဘက် ရောက်တော့ ထင်တဲ့အတိုင်းပဲ..!

"woonie ! Tae Tae hyung..!"

"woonie သို့သော့ သွားပြီ ဒယ်ဒီ ~ "

" ဒယ်ဒီ တစ်ယောက်လုံးရှိပါသေးတယ်ကွ !"

ရေကူးကန်ဘောင်ဘေးကနေ ခါးထောက်လို့ အော်လိုက်တော့ သားအဖနှစ်ယောက်လုံးသူ့အား မချိုမချဉ်မျက်နှာလေးတွေနဲ့ စပ်ဖြီးဖြီးကြည့်နေလေရဲ့..!

ဒီသားအဖတကယ် လူကို စိတ်ဆိုးမရအောင်ကို စွမ်းပါသည်။

သို့ပေမယ့် မျက်နှာထားကို ခပ်တင်းတင်းထားလို့ အဲ့ဒီတစ်ယောက်လုံး ရှိ‌ပါသေးတယ် ဆိုတဲ့ လူကြီးအား စိုက်ကြည့်ပေးရင်း...

"ဘာရှိတာလဲ ? တကယ်ပဲ ညနေစောင်း ရေမကူးပါနဲ့ မှာထားရဲ့နဲ့ လုပ်ဖြစ်အောင်လုပ်တယ် !"

"ကလေးလေးကလည်း ~ "

"ပါးကရဲ ~ "

" ဘာမှ မလည်းနဲ့ ! Tae Tae hyungနော် လူကြီးဖြစ်ပြီး နည်းနည်းပါးပါးထိန်းမှပေါ့ ! ကလေးပြောတာနဲ့ အကုန်လိုက်လုပ်ပေးနေတော့တာပဲ !"

Slave To You  ( Taekook ) ( Completed )Donde viven las historias. Descúbrelo ahora