Ep : 17

2.3K 227 57
                                    

Unicode

အမှောင်တွေကို မကောင်းမှုပြုတဲ့သူတွေကနှစ်ခြိုက်ကြတယ်တဲ့..
အဲ့အတိုင်းပါပဲ Seoulမြို့ပြင်မြို့စွန်နားရှိ နှစ်ထပ်တိုက်အဆောက်အဦးတစ်ခု၊အပြင်ဘက်တွင် ရောင်စုံမီးများဖြင့် အလှဆင်ထားက ထိန်ထိန်လင်းနေသော်လည်း အတွင်းပိုင်းတွင်မူမှိန်ပြပြမီးရောင်လေးတွေသာရှိသည်..

တရားဝင်Casinoရုံလို့ဆိုသော်ငြား တကယ့်လက်တွေ့မှာတော့ တရားမဝင်သောအရာတွေကသာ ပိုများပြီး ဒုနဲ့ဒေးရှိသည်..
တစ်ဝိုင်းဆီတစ်ဝိုင်းဆီနဲ့ နဖူးကနေချွေးစေးပြန်သည့်အထိ တိတ်တိတ်ဆိတ်ဆိတ်ကစားနေသော လူအစုထက် မှောင်ရိပ်ကျသည့်နေရာမျိုးတွင် အငမ်းမရနမ်းရှိုက်နေကြသူတွေ၊ဆေးရှူနေကြသည့်သူတွေက ပိုများသည်။
အပေါ်ထပ် VIPအခန်းများထဲတွင်တော့ အလိုတော်ဖြည့်‌ဆည်းပေးသည့် နတ်သား၊နတ်သမီးလေးတွေကလည်း ရှိနေကြသေးသည်လေ..
ထို့ပြင် မှောင်ခိုသားတို့ရဲ့ ပစ္စည်းလဲလှယ်ခြင်းများကိုလည်းပြုလုပ်တာကြောင့် ဤနေရာတွင် လူကောင်းဆိုတာမရှိပေ။

ပိပိရိရိနှုတ်ခမ်းတစ်စုံကရှူထုတ်လိုက်သောအငွေ့တွေကတလိပ်လိပ်ဖြင့် ထူထပ်ကာ VVIPခန်းထဲပြည့်လို့နေသည်..

ဘယ်သို့သောအခါမှ ဒီလိုနေရာကိုမလာသည့်သူက အနက်ရောင်ဆိုဖာကြီးထက်တွင် ခြေတစ်ဖက်ချိတ်ကာ ကျောမှီလျက်ထိုင်နေသည်..
လက်တစ်ဖက်က တစ်ဝက်ကျ‌နေပြီဖြစ်တဲ့ဆေးလိပ်ကို ညှပ်ထားကာ ကျန်လက်တစ်ဖက်က သူ့ရဲ့မူပိုင် ကျားခေါင်းဓားအား ကစားနေသည်..

ထိုသူရှေ့မှောက် ကြမ်းပြင်တွင်တော့ လက်နှစ်ဖက်နောက်ပစ်ကာ ဒူးထောက်လျက်ရှိနေပြီး ခေါင်းကိုတော့ ကျိုးမတက်ငုံ့ထားသည့် 'The Hell Casino'ပိုင်ရှင်..
ဘေးတွင်တော့ သတိအနေအထားဖြင့် မတ်တပ်ရပ်နေသည့် အနက်ရောင်ဝတ်စုံပြည့်နဲ့ လူလေးယောက်..

"သူသိနေပြီလား?"

နှုတ်ခမ်းနှစ်လွှာကြားမှ အမိန့်ဆန်ဆန်နဲ့တိကျပြတ်သွားစွာထွက်ကျလာတဲ့စကားအဆုံးရင်ထဲထိတ်ခနဲ..
စကားလေးငါးလုံးက ဘာကိုဆိုလိုမှန်း သေချာပေါက်သိတဲ့အခါ ကိုယ့်ကိုကို ပြန်ပြော
ကြည့်မိတာက Vante Gpရဲ့ဥက္ကဌက Vဆိုတဲ့သူဆိုတာ အမှန်ပဲပေါ့..
ဒါဆို အခုသူ့ရှေ့ကလူက ကမ္ဘာ့အန္တရာယ်အများဆုံးလို့သတ်မှတ်ထားသည့် MS-13ရဲ့ Leader Vပေါ့!
တုန်ယင်စပြုလာတဲ့လက်တွေ..ခေါင်းငုံ့ထားသော်လည်း လှုပ်ရှားနေပြီးဖြစ်တဲ့ မျက်ဝန်း‌အိမ်တို့က တစ်ခုခုကို အင်မတန်စိုးရိမ်ကြောင်းပြနေသည်..

Slave To You  ( Taekook ) ( Completed )Where stories live. Discover now