Ep : 9

2.8K 287 23
                                    

Unicode

"ပိုင်းလုံးကောင် ထွက်သွား"  တဲ့လေ..

နောက်ဆုံးတန်းရှိ Jungkookထိုင်နေကျ စာရေးစားပွဲပေါ်တွင် ရေးထားသော စာစုတစ်စု...

ဘယ်တွေများလုပ်ခဲ့မိလို့ ဒီလောက်အကျဉ်းတန်တဲ့စကားလုံးနဲ့ နှိုင်းရက်ကြတာလဲ?
သူချူစားနေတာလည်း မဟုတ်ရပါ
ဒီတိုင်းလေး သူတို့သားအမိနှစ်ယောက်ရဲ့ဘဝလေး အနေအစားချောင်ရုံလောက်နဲ့ သူ့ဘဝကြီးတစ်ခုလုံးကို သူစိမ်းတစ်ယောက်ဆီ ထိုးအပ်ခဲ့ရတာကို မမြင်ကြပေ..
စဉ်းစားနေ ရှင်းပြနေလည်းအပိုပါလေ
ဒါကြောင့် ထိုစာစုတို့အား ဥပေက္ခာပြုရင်း နေရာတွင်သာဝင်ထိုင်လိုက်သည်..
ဟုတ်တယ် ဥပေက္ခာပြုနိုင်မှ သူအဆင်ပြေမှာ..
သူတစ်ခုခုဖြစ်သွားတာနဲ့ သိပ်ချစ်ရတဲ့မိခင်လည်း တစ်ခုခုဖြစ်သွားနိုင်သည်မို့ အရာအားလုံးကို သည်းခံရပေလိမ့်မည်..
.
.
.
တစ်ဖက် Vante Gpမှာတော့ ဥက္ကဌဖြစ်သည့် Kim Taehyungရဲ့ စိတ်တွေဟာလည်း ပုံမှန်ထက်လေးလံနေသည်..
စိတ်ဆိုးဒေါသထွက်နေတာမျိုးမဟုတ် သူအမြတ်တနိုးထားရတဲ့အရာတစ်ခု တစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေတဲ့ အခြေအနေမျိုးပင်~
သူမြတ်နိုးရာကလည်း Jungkookတစ်ယောက်သာရှိသည်မို့ ပိုပူပန်နေရသည်..
သို့ပေမယ့် စောင့်ကြည့်ဖို့ လွှတ်ထားတဲ့သူဆီက ဘာသတင်းမှ မကြားသေးတာမို့ တော်ကာကျသည်..ဒါကြောင့် စိတ်ကိုသာ အတတ်နိုင်ဆုံးလျှော့ထားရင် အလုပ်ကိုသာ အာရုံစိုက်လိုက်သည်..

ဒီနေ့ကလည်း ကျောက်မြတ်ရတနာပြပွဲအတွက် designerအသစ် ရွေးချယ်ပွဲဖြစ်တာမို့ Taehyungအပါအဝင် အကုန်လုံးအလုပ်ရှုပ်နေကြသည်..ထို့ကြောင့် ပုံမှန်သူကြည့်နေကျ အရုပ်ကလေးရဲ့လှုပ်ရှားမှု‌လေးတွေကို ဖန်သားပြင်ကတဆင့်ကြည့်ဖို့တောင် အချိန်မပေးနိုင်ခဲ့ပေ..

At Meeting...

ဆန်ကာတင် Designer ၁၀ယောက်ကို‌ရွေးပြီးတဲ့နောက် အကောင်းဆုံးသုံးယောက်ကို Finalအနေနဲ့ ရွေးမှာမို့ အစည်းအဝေးထိုင်နေကြခြင်းပင်..

"10ယောက်မှာ 2ယောက်ကပဲ ကျွန်တော့်အကြိုက်တွေ့တယ် ..ကျန်တာတွေကိုတော့ စိတ်တိုင်းမကျ_"

Ring~~~

"ပြော!."

ပြောနေရင်း ခုံပေါ်တွင် တင်ထားသော ဖုန်းဆီမှ အသံထွက်လာတာမို့ကြည့်မိတော့ အရုပ်ကလေးနောက် လိုက်ဖို့လွှတ်ထားတဲ့ဆီကဖုန်းဖြစ်တာမို့ ချက်ချင်းကိုင်လိုက်သည်..
အမြဲလိုလို အခုလို အစည်းအဝေးဖြစ်ဖြစ် အလုပ်လုပ်နေရင်ဖြစ်ဖြစ် ဝင်လာသောဖုန်းကို ကိုင်လေ့မရှိပေမယ့်လည်း ဒီတစ်ခုကတော့ မကိုင်လို့မဖြစ်..

Slave To You  ( Taekook ) ( Completed )Where stories live. Discover now