Ep : 5

3.3K 301 27
                                    

Unicode

" Hobi hyung ..သူတို့အတွက် ကျွန်တော့်ရဲ့လက်ဆောင်လေးတွေယူပေးပါအုံး.."

အမိန့်ရတာနဲ့ အပြစ်ပေးတဲ့အခါသုံးသည့် ဓားချွန်size စုံကိုယူကာ Taehyungဘေးရှိစားပွဲတွင်အစီအရီတင်ပေးလိုက်သည်..
ပစ္စည်းတွေရောက်လာတာနဲ့ အပြစ်သားသုံးယောက်နားတွင် အဆင်သင့်ရပ်နေသော ဂိုဏ်းသားသုံးယောက်အားအမိန့်စပေးလိုက်တာက..

"ငါ့အပိုင်ကို ကြည့်တဲ့အဲ့ကောင်တွေရဲ့ တဏှာမျက်လုံးတွေကို အရင်ဖောက်လိုက်စမ်း..!!"

"ဟုတ်ကဲ့ သခင်ကြီး..!!"

"မ..မလုပ်နဲ့...အားးးးးး!!!!!"

အမိန့်အတိုင်း ဓားချွန်အသေးစားဖြင့်မျက်လုံးတွေကိုထိုးဖောက်လိုက်တော့ ‌နာနာကြင်ကြင်အော်သံတွေက အခန်းထဲပြည့်လျှံကုန်ကာ သွေးစိမ်းများပန်းထွက်လာပြီး အရှေ့တွေခြေတစ်ဖက်ချိတ်ကာထိုင်နေသော Taehyungရဲ့ shirtအဖြူပေါ်တွင် စွန်းထင်းသွားသည်အထိပင်..
Hoseokအပါအဝင် ဂ်ိုဏ်းသားတွေကတော့ မျက်လုံးစုံမှိတ်လျက် မျက်နှာတွေးရှုံ့တွကာ ဘာသံမှမထွက်စေဘဲ တိတ်တိတ်လေးသာ ရပ်နေတော့သည်..
Taehyungကတော့ သွေး‌သံတရဲရဲနဲ့အော်နေသော သုံးယောက်အားကြည့်ပြီး သဘောကျစွာပြုံးရင်း....

"ဟက် ကြိုက်လား?"

"အားးး တောင်း..တောင်းးးပန်ပါတယ်..လွှတ်ပေးပါ..အီးးဟီးးး.."

ဒုန်းးး..!!

"ငါ့အပိုင်က မင်းတို့ကိုတောင်းပန်တုန်းကလွှတ်ပေးခဲ့လား..!!!!'

ပြောရင်းနဲ့ သူ့အပိုင်Jungkookအား ဝိုင်းချုပ်နှောင်ပြီး နမ်းနေတဲ့မြင်ကွင်းကိုပြန်မြင်လာပြီး ဒေါသတကြီး စားပွဲကိုထုကာ ထအော်လိုက်တော့ အကုန်လုံးကြောက်ဒူး‌တုန်နေလေရဲ့..

"လက်တွေ..အဲ့ဒီလက်တွေနဲ့ ငါ့အပိုင်ကိုထိခဲ့တယ်ပေါ့..အကုန်လုံးကို လက်သည်းခွံတွေခွာပစ်လိုက်..!!"

"အားးးအားးး!!!"

"ဒီမြင်ကွင်းကိုကြည့်ရတာ သိပ်အရသာရှိတာပဲ ဟဟားးး!!"

ဩံရှရှရယ်သံဖြင့် တဟားဟားရယ်နေသော Taehyungဟာ နတ်ဆိုးတစ်ကောင်လိုမျိုးကြောက်စရာကောင်းနေပြီး အခန်းထဲတွင် ထိုအသံကလည်း ဟိန်းထွက်နေသည်..
ရယ်နေရင်းမှ သူ့ရှေ့ရှိသုံးယောက်ရှိ မလှုပ်နိုင်တော့ဘဲ မျော့မျော့သာကျန်သော Ericဆိုသည့်တစ်ယောက်နားသို့ လျှောက်သွားကာ ဆံပင်အရင်းမှဆွဲပြီးခေါင်းကိုမော့စေလိုက်သည်..

Slave To You  ( Taekook ) ( Completed )Onde histórias criam vida. Descubra agora