Ep 1

8.9K 385 36
                                    

Unicode

တိတ်ဆိတ်ပြီးအမှောင်ထုဖုံးလွမ်းတဲ့လကွယ်ညတစ်ည~
ဉာည့်နက်လာသည်နှင့်အမျှ ဝန်းကျင်ဟာတဖြည်းဖြည်းတိတ်ဆိတ်လာပြီး အမှောင်လောကသားတို့ရဲ့ မြူးထူးချိန်ဟုဆိုကြသကဲ့သို့
မှောင်ခိုလောကရဲ့ ထိပ်သီးဂိုဏ်းနှစ်ခုရဲ့ ပစ္စည်းများရောင်းဝယ်တဲ့အချိန်လည်း ဖြစ်သည်~

"V..ဘယ်မှာလဲ လက်နက်တွေ~"

"ဆေးရုံကားထဲမှာ..စစ်ကြည့်လိုက်~"

"အိုခေ အမှန်တွေချည်းပဲ~ရော့ စိန်ထုတ်~"

"RM စစ်ကြည့်လိုက်~"

"အစစ်တွေချည်းဘဲ V"

ဆိုးလ်မြို့ရဲ့သင်္ဘောဆိပ်ကမ်းတစ်ခုတွင် လက်နက်နဲ့ စိန်နဲ့ လဲလှယ်နေကြတဲ့ Mara Salvatrucha ( MS-13) Gang နဲ့ Pirus Gang.
အရေးကြီးလဲလှယ်ရတဲ့ ပစ္စည်းဖြစ်တာကြောင့် ခေါင်းဆောင်တွေကိုယ်တိုင်ပါလာကြခြင်းဖြစ်သည်~

"မင်းတို့ဂိုဏ်းနဲ့ အလုပ်လုပ်ရတာ သိပ်ကိုအဆင်ပြေတယ် V~"

" ကျုပ်နဲ့ အလုပ်လုပ်တဲ့လူတိုင်းက အမြဲအဆင်ပြေတယ်..ဘာလို့ဆို ကျုပ်က အတုမသုံးလို့လေ"

" ကြိုက်တယ် နောက်လည်း လက်တွဲလုပ်ကြတာပေါ့~"

"ကောင်းပြီ ဒါဆို ကျုပ်တို့သွားပြီ.."

"အိုခေ V"

ပစ္စည်းလဲပြီးတာနဲ့ အိမ်တော်ကို သွားရန် ကားပေါ်သို့တက်လိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင် ဇိမ်ခံကားလေးသည် ထိုနေရာမှ စတင်ရွေ့လျားလေတော့သည်~

"Tae လက်နက်တွေကို ဘာလို့ဆေးရုံးကားနဲ့သုံးတာလဲ?"

"IQ 148ရှိပြီး ဒါမျိုးကျ ပိန်းပြန်ပြီဗျာ~
Ambulanceဆိုတော့ Toll Gateတွေမှာ မစစ်ဘူးလေ အဲ့တော့ လွယ်လွယ်လှုပ်ရှားလို့ရတာပေါ့~"

"အေးပါကွာ ရုတ်တရက်ဆိုတော့ ငါလည်းမစဉ်းစားမိဘူး~ဒါနဲ့ Tae.."

" ပြော.."

"ဒီနေ့ မင်း slaveတစ်ယောက်ဝယ်ထားတယ်ဆို?"

"ဟုတ်တယ် ဒါမဲ့ကျွန်တော်မတွေ့ရသေးဘူး..
MinJun ခေါ်လာခဲ့တာတဲ့ ရောက်မှကြေးဖြတ်ရမှာပေါ့ ဟက်~"

Slave To You  ( Taekook ) ( Completed )Where stories live. Discover now