မေတ္တာစုံညီ ချစ်ခြင်းဝေသီ Episode (47)

Start from the beginning
                                    

စဉ်းစားရင်းနှင့် စိတ်ကအတောင့်လိုက်တိုလာသည့်အတွက် အခန်းထဲတွင်ရှိနေသော အညိုရောင်ဖော့လုံးခုံကို လက်နှစ်ဖက်ဖြင့်မယူလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ခပ်ဖြည်းဖြည်းဆောင့်ချလိုက်သည် ။ ရည်ရွယ်ခဲ့သည်က ခပ်ဖြည်းဖြည်းဖြစ်သော်လည်း အရှိန်မထိန်းန်ိုင်သဖြင့် အသံကထင်ထားသည်ထက် ပိုကျယ်သွား၏ ။ လုပ်ပြီးမှနောင်တရသည့်စိတ်လေးက လှစ်ခနဲပေါ်လာလေသည် ။

အဖေနဲ့အမေကြားသွားရင် လန့်သွားမလား ။ ငယ်ငယ်တုန်းကတော့ စိတ်ဆိုးစိတ်ကောက်ရင် ကြမ်းပြင်ကိုခြေထောက်နဲ့ဆောင့်ပစ်တာ ။ သစ်သားကြမ်းခင်းဆိုတော့ သိပ်လဲမနာဘူးလေ ။ အခုက အဲဒီလိုသွားလုပ်လိုက်ရင် သူ့ခြေဖဝါးတွေ အသေနာမဲ့ဖြစ်ခြင်း ။ ကြွေပြားခင်းထားတဲ့ကြမ်းပြင်ဆိုတော့ ခြေထောက်နဲ့ မဆောင့်ရဲပါဘူး ။

အတွေးပေါင်းစုံထဲ တစ်ယောက်တည်းကူးခတ်နေချိန် ခပ်တိုးတိုးကြားရသည့် တံခါးခေါက်သံ ။ စိတ်ညစ်နေချိန်ဆိုတော့ " တံခါးမပိတ်ထားဘူး "ဟု ပြောလိုက်သည့်အသံက အားမပါပေ ။ တံခါးကိုဖြည်းဖြည်းချင်းတွန်းဖွင့်သံနှင့်အတူ မကြီး၏အပြုံးမျက်နှာလေးကို မြင်လိုက်ရသည့်အချိန် ငိုချင်သည့်စိတ်က ရင်ထဲသို့ အလုံးအရင်းတိုးဝင်လာ၏ ။ နှာခေါင်းကိုပင် တရှုံ့ရှုံ့လုပ်ပြီး ဝမ်းနည်းစိတ်ကိုမျိုသိပ်နေချိန် မကြီး၏နောက်တွင်ပေါ်လာသည့် လူကိုတွေ့လိုက်ရသည့်အခါ ထိုင်နေရာမှ ချက်ချင်းမတ်တတ်ရပ်လိုက်မိသည် ။

သြော်...ဟော...နောက်ဆုံးတော့လဲ ရေထဲကျသွားတဲ့ကျောက်ခဲက မကြီးရဲ့အကူအညီနဲ့ ပြန်ပေါ်လာပြီပဲ...။

ပီတာထွန်းညွှန့်၏ အရောင်တလက်လက်တောက်နေသည့် မျက်လုံးများကြောင့် အေးအေးညွှန့်ပင် ရင်ထဲထိတ်ခနဲ ။ သားသား၏မျက်လုံးများက ကြောက်စရာပေ ။ ထိုမျက်လုံးထဲမှ ရောင်ခြည်များထွက်လာမည်ဆိုပါက ရွှေရိုးနောင်တော့ ပြာမှုန့်ဘဝကို မြန်မြန်ဆန်ဆန်ကူးပြောင်းသွားလိမ့်မည် ။

နောက်တွင်ရပ်နေသည့် ရွှေရိုးနောင်ကတော့ ပို၍ပင် ရင်ထိတ်၏ ။ သူ့ကိုတာ တစ်ခုခုလုပ်လိုက်မည်ကို စိုးရိမ်မှုမရှိလှပေ ။ သို့သော်လည်း သိသိသာသာပိန်ချုံးသွားသည့် တာ့ပုံစံလေးကြောင့် ကိုယ့်ကိုယ်ကိုယ်သာ အကြိမ်ကြိမ်အပြစ်တင်နေမိ၏ ။

မေတ္တာစုံညီ ချစ်ခြင်းဝေသီ /မတ်ေတာစုံညီ ချစ်ခြင်းဝေသီ(Complete)Where stories live. Discover now