အခန်း ၉ (အပိုင်း ၂)

Start from the beginning
                                    

"အိုခေ" တန်ချင်းက ပါးစပ်ထဲက အစားကို မျိုချကာ စားပွဲပေါ်က စာအုပ်ကိုယူလိုက်သည်။ ယောင်ယောင်က သူမစာအုပ်တွေကို တွေ့တော့ အိတ်ထဲ ထည့်ပေးလိုက်သည်။ သူမက ဒီတိုင်း သဘာဝကျကျတန်ချင်း စာအုပ်တွေကိုယူပေးလိုက်တာပင် မနက်စာအေးအေးစားရအောင်ပေါ့ တဖက်က လူကိုလုံးဝ အဖတ်မလုပ်ဘဲနဲ့ပေါ့ ယောင်ယောင်နဲ့ တန်ချင်းးနဲ့ တူတူအဆောင်ထဲကနေထွက်လာခဲ့ကြသည်။

"နင်နဲ့ မတူလိုက်တာ သူက နင့်ကို ဒေါသထွက်အောင်လုပ်ထားလို့လား?"

"ငါက အရူးမှ မဟုတ်တာ သူများပစ္စည်းကိုလွယ်လွယ်သုံးပြီး နောက်ကွယ်ကျ သူများအတင်းပြောနေတာ ငါသူ့ပေါ် ကောင်းပေးနေရင် ငါ ဖျားနေလို့ပဲနေမှာ"

"နင် မသိဘူးထင်နေတာ" တန်ချင်းက ပြုံးကာ ဘာမှ ဆက်မပြောတော့

ယောင်ယောင်က ခါးသီးစွာ ပြုံးလိုက်သည်။ မသိဘူး? တကယ်ကို အဲ့ချိန်က သူမ မသိခဲ့ဘူး သူမက တကိုယ်ကောင်းဆန်ပေမယ့် ပိုက်ဆံနဲ့ပက်သက်လာရင်တော့ ဘယ်တော့မှကပ်စေးမနှဲခဲ့ဘူး မြို့ဟောင်းက ကောင်လေးတွေနဲ့ တူတူဆော့တုန်းကလည်း ပိုက်ဆံ တူတူသုံးခဲ့ကြတာ ပိုက်ဆံရှိတဲ့သူက ရှင်းမရှိတဲ့သူက နောက်ကလိုက်ပေါ့ ယောင်ယောင်က သူမ သူငယ်ချင်းတွေအပေါ်လည်း အဲ့လိုအကျင့်ပဲ ထားခဲ့တာ အဆောင်က လူ ၃ ယောက်မှာ တန်ချင်းက သူမအပေါ် နွေးထွေးတာလည်းမဟုတ်သလိုအေးစက်တာမျိုးလည်းမဟုတ်ဘူး တခြားသူနှစ်ယောက်က သူမနဲ့ တအားရင်းနှီးကြပြီး သူတို့ အဆုတ်တွေတောင်ထုတ်ပေးတော့မလိုပဲ

ယောင်ယောင်မှာ မိန်းကလေးသူငယ်ချင်းသိပ်မရှိ တက္ကသိုလ်တက်တော့လည်း မိန်းကလေးသူငယ်ချင်းနစ်ယောက်ပဲရှိတော့ ယောင်ယောင်က သူငယ်ချင်းတွေကို တအားရက်ရောတာ သူတို့ မိသားစုအခြေအနေက သူမလောက်မကောင်းတာသိတော့  သူတို့ အပြင်သွားတာ စားသောက်တာဈေးဝယ်တာ အကုန် သူမပဲ ရှင်းပေးတာ ရေချိုးခန်းထဲကပစ္စည်းတွေကိုလည်း သူမပဲဝယ်ပေးတာ အိမ်က ပြန်လာတိုင်းလည်း ချင်းကျင်း သူမကိုဝယ်ပေးတဲ့မုန့်တွေကို သူတို့နဲ့မျှစားနေကြ

သူတို့အတွက် အဆုတ်ထုတ်မပေးရင်တောင် မျှမျှ တတပဲ ဆက်ဆံခဲ့တာ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now