16

3.7K 111 10
                                    

ချစ်တယ်...မီ
ဒီစကားလုံးကလွဲပြီး တခြားပြောစရာအပမရှိ
တော့ဘူး..ကလေးရယ်...

မယုံချင်ဖူး..ရှင်ရယ်။
ရှင့်စကားတွေကို ယုံပြီး နောက်တကြိမ်နာကျင်
ရမှာကို မီ ခံနိုင်ရည် ရှိလောက်မယ် မထင်ဘူး။

''မီ....ကိုယ့်ကို မချစ်တော့ဖူးလားဟင်''

'' မချစ်တာလည်း မဟုတ်သလို မုန်းသွားတာလည်း မဟုတ်ရပါဖူး...အစ်ကိုရယ်''

'' ဒါဆို ကိုယ့်ကို ပြန်လက်ခံပေးလို့ရမလားကွာ''

''ကြောက်တယ်....''

'' ဘာကိုလည်း....''

'' ရှင် ထားသွားမှာကို....ဒီလို စကားလုံး လှလှ
တွေနဲ့ မချုပ်ပါနဲ့.....စကားချိုတယ့်လူတွေက
ပိုကြောက်ဖို့ ကောင်းတယ်...''

'' မီရယ်....မင်းယုံအောင် ကိုယ် ဘယ်လိုများ
ပြောရမှာပါလိမ့်....''

'' ဘယ်လိူမှ မပြောပါနဲ့ အစ်ကိုရယ်...''

အစ်ကို့နှုတ်ခမ်းဖျားက နောက်ထပ်တခေါက်
ကျမကို ချစ်တယ်လို့ ထပ်ပြောလာရင်
ကျမ ခံနိုင်ရည်ရှိတော့မယ်မထင်တော့ဘူး..

ထိုစကားများကိုတော့ ရင်ထဲမှာ သိမ်းထားရင်း..

'' မီ... ကိုယ်မင်းကို တကယ်ချစ်တယ်ဆိုတာကို
ဘယ်လိုများ သက်သေပြသင့်လည်း ခလေးရာ''

'' သက်သေတွေလည်း မပြပါနဲ့တော့... မီလည်း
မီ့ဘဝနဲ့မီ...အစ်ကိုလည်း အစ်ကို့ဘဝနဲ့ အစ်ကိုပါ
အစ်ကိုရယ်....''

'' မင်းရဲ့ဘဝကိုလည်း ကိုယ့်ရဲ့ဘဝ ဖြစ်စေချင်
သလို ကိုယ့်ရဲ့ဘဝကိုလည်း မင်းရဲ့ဘဝ ဖြစ်စေ
ချင်တယ်....''

'' ငြင်းပါရစေ...အစ်ကို...''

'' ငြင်းတယ်လို့ထပ်ပြောရင်...ကိုယ်မင်းကို
ဒီမှာပဲ တခုခုလုပ်လိုက်ရမလား...''

'' အစ်ကို လုပ်ပြီးရင် ကျမလည်း ထွက်သွားတော့မယ်လေ...''

'' လုပ်စရာလား... ကိုယ်က မင်းကိုမတော်တရား
လုပ်ဖို့အတွက် ချစ်တယ်လို့ ဖွင့်ပြောနေတာမှ
မဟုတ်ပဲ...မြတ်နိုးရလို့ တန်ဖိုးထားလို့
ချစ်တယ်လို့ ပြောတာပါ..မီ..''

အင်းလေးကို အခြေပြုရျ် ( complete) Where stories live. Discover now