11

2.6K 117 2
                                    

'' မီ... ကိုယ့်ကိုမချစ်နဲ့တော့..''

'' ဟင်... ''

'' မချစ်နဲ့တော့လို့.. ကိုယ်ပြောတာ နားလည်လား''

'' ဘာလို့လည်း..''

'' အကြောင်းပြချက်..မရှိဖူး..မီ.. လုံးဝမရှိဖူး..
မင်းကိုတော့ မနာကျင်စေချင်ဖူး..မီရယ်..''

''နာကျင်ခြင်း.. ခင်များရဲ့ အဲ့လိုစကားတွေကမှ
နာကျင်ဖို့ ကောင်းတယ်..
ရှင့်ကို ချစ်တယ်လို့ တခေါက်ပြောမိတိုင်း
နာကျင်တယ်..
ရှင့်ဆီကနေ မုန်းတယ်လို့ တခေါက်ကြားတိုင်း
လည်း နာကျင်ရတယ်..
ကျမ နှလုံးသား တခုလုံးလည်း စုတ်ပြတ်သတ်
နေပြီဆိုတာကို ရှင့်မျက်လုံးတွေကို
သေသေချာချာဖွင့်ပြီး ကြည့်လိုက်စေချင်တယ်''

'' ဒါကြောင့် မင်းကို မပြောဖူးလား.. မချစ်မိစေနဲ့
မချစ်မိစေနဲ့လို့။...''

'' မချစ်မိစေနဲ့လို့ ပြောတိုင်း အဲ့တိုင်းလုပ်ရအောင်
မီက စက်ရုပ်လား...''

ဘေးပတ်ဝန်းကျင်ကိုတောင် သတိမထားမိပဲ
မျက်ရည်တွေက အလိုလိုကျနေမိတယ်ဆိုတာကို
မီသိတယ်... မီက ဘာကြောင့် သူ့လိုလူမျိုး
အတွက် ငိုရမှာလည်း..
မငိုဖူး..မငိုဖူး..

'' မငိုနဲ့.... ''

'' ငိုတော့. ခင်များ အပူပါလား..''

'' ကိုယ်မင်းထက် အသက်ပိုကြီးတယ်နော်..
ဘယ်လိုတွေပြောနေတာလည်း..''

'' မငိုနဲ့​ပြောတိုင်း တိတ်ရအောင်
အဲ့မျက်ရည်တွေ ဝင်မှာမို့လို့လား..
သွား..မကောင်းတယ့်လူ..''

ဟား.. ပြုစားလွန်းတယ်..မီရယ်..
ပြုစားလွန်းတယ်။
မင်းကို ကိုယ်အဲ့လောက်တောင် နာကျင်အောင်
လုပ်ခဲ့မိပြီလား။
ကိုယ်မကောင်းတာပါ.. ကိုယ့်နားကို
ရောက်လာတယ့် လူမှန်သမျှကို
နာကျင်အောင် လုပ်မိတယ်။
ဒါကြောင့် မီ့ကိုလည်း ကိုယ့်နားကနေ
ထွက်သွားစေချင်တယ်.. မီရယ်။

'' မငိုနဲ့..တိတ်တော့...မတိတ်ရင် နမ်းပြစ်မှာနော်..''

'' လူဆိုးကောင်....''
လို့ပြောနေရင်း ငိုနေတယ့်အသံက တိတ်သွားပြီး
ရှိုက်သံသေးသေးလေးက တိုးလျစွာ
ထွက်ပေါ်နေလေရဲ့။

အင်းလေးကို အခြေပြုရျ် ( complete) Where stories live. Discover now