8

2.3K 105 2
                                    

'Long nights ,daydreams
Sugar and smoke rings,
I've been a fool
But strawberries and cigarettes
always taste like you'

ထိုသီချင်းကို နှုတ်ခမ်းထက်ကနေ ခပ်တိုးတိုး
ဆိုနေမိသည်။
အင်း.. မောင့်ကြောင့် ကြိုက်လာရတယ့်
သီချင်းဆိုလည်း မမှားလောက်ပါဖူး။

'' ကို.. ဒီနားမှာ ခဏရပ်ပေး.. မီ့အသိအိမ်မှာ
အင်္ကျီလဲချင်လို့...''

'' ဟားး.. ဒီတိုင်းလည်း လှပါတယ်ကွာ..''

'' ကိုကလည်း..''

'' ဟုတ်ပါပြီ... ဒါဆို ကိုယ် စောင့်နေမယ်နော်..''

'' အင်း..ခဏလေးစောင့်..''

ထိုသို့ပြောပြီးတာနဲ့ တိုက်ထဲကို အမြန်ဝင်
လိုက်တယ်။

15 mins later..

မီ..ပြန်ထွက်လာတော့..
ကားတံခါးကို မှီပြီး ဆေးလိပ်ဖွာနေတယ့်
သူ။...
သူ့ကြည့်ရတာ အဖော်မဲ့နေသလိုမဖြစ်ပေမယ့်
အထီးကျန်နေသလိုပဲ..
သူ့နောက်ကျောတွေက..

'' ကို...''

''.... ''

'' ပြောစရာစကား မရှိတော့ဖူးလား..''

'' အင်း.. မီ.. မင်းသိပ်လှနေပါလား..''

'' ဟား.. သိပ်မမြှောက်ပါနဲ့...
လာသွားရအောင်...''

သာမာန်ဆို အင်္ကျီ over size တွေပဲ
ဝတ်တက်တယ့် မီက
ရုပ်အဆိုးကြီးမဟုတ်လှပေမယ့် ကလေးဆန်
တယ်လို့ ထင်ရတယ်။
ဒါပေမဲ့.. အနက်ရောင်ကိုယ်ကျပ်ဂါဝန်နဲ့
မီကတော့ over size တွေဝတ်တက်တယ့်
မီ မဟုတ်သည့်အတိုင်း..

'' ကို... နေရာကျော်သွားပြီလေ..ဘာတွေတွေး
နေတာလည်း..''

'' ဘာမှမဟုတ်ပါဖူး...''

ကားကို ပါကင်ထိုးတယ့် နေရာမှာရပ်လိုက်ပြီး
မီနှင့်အတူ bar အတွင်းသို့
ဝင်ရောက်ခဲ့သည်။
ဝင်လာသည်နှင့်တပြိုင်နက် အချိန်မှာ
တခြားသော ယောကျ်ားတွေက
အနက်ရောင်ကိုယ်ကျပ်ဂါဝန်နဲ့ လှချင်တိုင်း
လှနေတယ့် မီနဲ့ ဂါဝန်ပေါ်မှာ အထင်းသားပေါ်
နေတယ့် မီ့ရဲ့ကောက်ကြောင်းတွေကိုပါ
အငမ်းမရ လိုက်ကြည့်နေကျလွန်းတယ်။

စိတ်ရှိတိုင်းသာ ဆိုရင် ထိုသူတွေရဲ့
မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်မိတယ်။
ဟင့်အင်း..မီက ကျနော့်အပိုင်..
ကျနော်တယောက်တည်းအတွက်..သူမကို
ကျနော်တယောက်တည်းကပဲ နာကျင်အောင်
ပျော်ရွှင်အောင် လုပ်ပေးလို့ရတယ့် ကျနော့်အပိုင်
မီက ကျနော့်ရဲ့ အပိုင်ဆိုတာ ကြည့်နေတယ့်
သူများသိအောင်.. မီ့ရဲ့ခါးကို ဆွဲဖက်လိုက်ပြီး
သူမရဲ့ နှင်းဆီဖူးလိုဖူးနေတယ့် နှုတ်ခမ်းပေါ်ကို
အနမ်းတပွင့် ခြွေလိုက်တယ်။

အင်းလေးကို အခြေပြုရျ် ( complete) Tempat cerita menjadi hidup. Temukan sekarang