1

5.4K 173 10
                                    

unicode

အစ်ကိုနဲ့မီရဲ့ စစတွေ့ပုံလေးလား...
အင်း...ပြန်စဥ်းစားကြည့်မယ်ဆိုရင်
အလွဲလေးနဲ့ စတင်ပြီး တွေ့ခဲ့တာပေါ့..
ရှမ်းပြည်တောင်ပိုင်း မှာတည်ရှိတယ့် အင်းလေး
ကိုအလည်သွားရင်းနဲ့ ဖြစ်ပျက်ခဲ့တယ့်
ကိစ္စလေးကြောင့် သူ့ကိုစသိခဲ့ရတယ်လို့
ပြောလို့ရနိုင်ပါတယ်...

ထိုနေ့က အစ်ကို့ပုံကို လွမ်းမိသေးတယ်..
လက်ထဲမှာ cigarette တလိပ်ကို
စတိုင်လ် ကျကျနဲ့ကိုင်ထားပြီး
သူ့လက်အောက်ငယ်သားတွေကို
အမိန့်ပေးနေပုံကပေါ့ သိပ်ကြည့်လို့ကောင်း
တာပါပဲ။......

ဒါပေမဲ့..အလွဲများဆိုသည့်အတိုင်း
စတွေ့တုန်းကတော့ သေချာပေါက်
ကြည့်မရခဲ့ဖူးပေါ့...
သူ့ကြောင့် မီလှေပေါ်က ပြုတ်ကျမလို
ဖြစ်ခဲ့တယ်လေ...
ပြီးတော့ သူကပြောသွားသေးတယ်။
ညီမ sorry နော်...တဲ့..
ညီမကို မမြင်လိုက်လို့..တဲ့။
ဘယ်လောက်တောင်မှ ယဥ်ကျေးမှု
မရှိလိုက်တယ့် စကားလည်း..။

လူတယောက်လုံးကို မမြင်ရအောင်
ကန်းနေတာလားလို့ မေးလိုက်ချင်ပေမယ့်လည်း
'' အော် ဟုတ်ကဲ့..ကျမက မမြင်ရလောက်အောင်
အရမ်းသေးလွန်းနေလို့ တောင်းပန်ပါတယ်''
လို့ အရွဲ့တိုက်ပြီး ပြောခဲ့မိတာထင်တယ်..
ကျမစီးလာတယ့် လှေက ကျမကိုထားပြီး
အရင်ထွက်သွားတယ်..။
တွေးမိလိုက်တာကတော့ ဘယ်လိုတွေတောင်လားပေါ့...။

ထိုကြောင့် သူတို့ရဲ့ စက်လှေနဲ့ပဲ ဖောင်တော်ဦး
သို့ သွားခဲ့လိုက်တယ်။....
သူကတော့ လှေဦးပိုင်းမှာ ထိုင်ပြီး
cigarette နောက်တလိပ်ကို
ထပ်သောက်နေတယ်။
ကျမတွေးမိလိုက်တာကတော့
ဒီလူက ဘာလား။
လေက သူ့ဘက်က လာနေတာကို
သူက cigarette ထိုင်သောက်နေတယ်တဲ့။

ကျမကနေ ဟိတ်လူ..အသားညိုညိုနဲ့လူဆိုပြီး
ခေါ်လိုက်တော့ သူက ခေါင်းထောင်ပြီး
ကြည့်လာတယ်...
ဘာလဲဆိုတယ့် သဘောနဲ့ ခေါင်းကိုဆတ်ပြတယ်
ခင်များ လူလိုနားမလည်ဖူးလား..
နောက်မှာ လူတွေပါတယ့်ဟာကို ရှေ့တည့်တည့်
ကနေ ထိုင်ပြီး ဘာကြောင့် ဆေးလိပ်
ထိုင်သောက်နေတာလည်းလို့
မေးခွန်းထုတ်လိုက်တော့။

အင်းလေးကို အခြေပြုရျ် ( complete) Where stories live. Discover now