13

2.8K 117 9
                                    

နေ့ရက်တွေကြာလာပြီနော်။
ကြာလာသလို..အစ်ကို မီ့ကို မချစ်တာကိုလည်း
သိလာသလိုပဲ...အစ်ကိုရယ်။
တဖြေးဖြေးနဲဝေးကွာသလိုပဲ။
အာ..မဟုတ်ဖူးပဲ.. မီတို့က အစတည်းက
ဝေးကွာနေတာမလား။

နေကြာတွေလိုပဲ..ရှင်ရယ်။
ရှင့်ကို ကြည့်နေတယ့် ကျမကို
သနားငဲ့ညှာသော အားဖြင့် နည်းနည်းလေးတောင်
ပြန်ကြည့်ပေးဖို့ မဖြစ်နိုင်ဖူးလား..။

သတင်းတွေတော့ ကြားပါရဲ့။
အစ်ကိုက သူမနဲ့ပြန်တွေ့နေပြီတဲ့။
သူမကလေ... သိပ်ချောတာပဲ။
မညိုမစိုအသားအရောင်လေးနဲ့ ပိတုန်းရောင်
ဆံနွယ်တွေ... ။
မျက်လုံးတွေကို ကြည့်လိုက်တာနဲ့
အရာရာကို ဦးဆောင်နိုင်တယ့် လူမျိုး။

ထပ်ပြီးလည်း ကြားနေရပြန်တယ်။
အစ်ကိုက သူမ့ကို သိပ်ချစ်သတဲ့။
ထပ်ပြီးလည်း ပြောကျပြန်သေးတယ်။
နင်တို့နှစ်ယောက် အချစ်က တကယ်ရော
တည်မြဲတော့ပါ့မလားတဲ့။

ဖြေစရာမရှိလိုက်တာ..အစ်ကိုရယ်။
ဖြေစရာမရှိလိုက်တာ..။
အစ်ကိုက သိပ်ပြောတာပဲနော်။
မီက သိပ်သည်းခံတက်တာပဲတဲ့။
မဟုတ်ဖူး..အစ်ကိုရယ်..
မီကလေ.. သည်းခံချင်ယောင်ဆောင်နေတာပါ။

မုန်းတယ် အစ်ကိုရယ်။
ဒါပေမဲ့ အစ်ကို့ကိုချစ်နေတယ့် မီ့ကိုမီ
ပိုမုန်းလိုက်တာ။

ထိုနေ့ကပေါ့။
ထိုအင်းလေးကိုသာ မသွားခဲ့ရင်။
ထိုနေရာမှာ အစ်ကိုနဲ့သာ မတွေ့ဖြစ်ခဲ့ရင်။
ဒါပေမဲ့ အရာအားလုံးက ကံကြမ္မာကြောင့်
ဆုံတွေ့ခဲ့တာနေမယ်။
ကံကြမ္မာကို မယုံတယ့်ရှင်ရေ
ကျမကတော့ အဲ့လိုမယုံတယ့်လူကိုမှ
ချစ်မိနေပါတယ် ရှင်ရယ်။

အဲ့နေရာကိုသာ ထပ်မသွားခဲ့ရင်
ပါးစပ်စီးလိမ့်မယ်ပြောပြော။
ထိုနေရာ အင်းလေးကို ပြန်မသွားချင်တော့ဖူး။
ထိုနေရာမှာပဲ ဆုံတွေ့ခဲ့လို့
ထိုနေရာမှာပဲတော့ မခွဲချင်ဖူး..။
ဒါပေမဲ့ အကြောင်းရှိမှ အကျိုးဖြစ်သလိုပေါ့။
ဖြစ်လာမှတော့လည်း ရင်စီးခံရုံပေါ့။

မျှော်လင့်ထားသလိုပါပဲ။
ဟက်...ဖြစ်လာပြီပေါ့။

'' မီ...''

'' အင်း...''

'' ကိုယ်သူ့ကို ပြန်ချစ်မိနေ...''

အင်းလေးကို အခြေပြုရျ် ( complete) Where stories live. Discover now