2

4.1K 144 15
                                    

unicode

အစ်ကိုနဲ့မီ ပြန်တွေ့တယ့် နေ့လေးကို
ပြန်သွားကြည့်ရအောင်လို့ အစမချီချင်ပေမယ့်
ကျမတို့ရဲ့ အချစ်ဇာတ်လမ်းက ထိုနေရာကနေ
စတင်ခဲ့နေလေတော့သည်။

'' မီမိုး.....''

'' ဘာလည်းဟာ..စိတ်ရှုပ်ရတယ့် ကြားထဲ..''

'' စိတ်ရှုပ်တာတွေ ပျောက်သွားအောင်
ငါတို့ခရီးထွက်ကျမလား...''

'' ဘာလည်း... oversea လား...oversea
ဆိုရင် ငါမလိုက်ဖူး....''

'' အေးပါဟ..ခုက ပြည်တွင်းပါပဲ..ငါနင့်အကြောင်းကို သိပါတယ်ဟ.. ''

ဟုတ်ပါသည်။ ဇီဇာကြောင်တယ်လို့
ပြောရမလား...
မီမိုးဆိုတယ့် ကျမက oversea ခရီးတွေကို
ဘယ်သောအခါမှ သွားခဲ့လေခြင်း
မရှိခဲ့ပါ။
အကြောင်းမှာကား ထွေထွေထူးထူး
မဟုတ်...ငယ်စဥ်အခါက မိဘများနဲ့
စင်ကာပူကို သွားရာကနေ လေယာဉ်ပျက်ကျ
တယ့် ဖြစ်စဥ်ကြောင့် မီမိုးတယောက်
ထိုအချိန်မှစရျ် လေယာဥ်ဆိုရင် မစီးခဲ့သည်
ဆိုသည်မှာ ပိုမှန်ပင်လိမ့်မည်။
မိဘများလည်း ဆုံးရှုံးခဲ့ရတာပေါ့။

'' မီ.. မီ... ''

'' ဟင်...''

'' အရမ်းတွေးတယ်နော်..ကဲပြော..ငါတို့
အင်းလေးသွားမှာ လိုက်မှာလား...''

'' အတွဲတွေနဲ့ မလိုက်ဖူး...မျက်စိနောက်တယ်...''

'' နင့်မှာ မရှိလို့မလား...''

'' အေးဟေ့..ဟုတ်တယ်...ငါ့မှာ မရှိလို့..
ရှင်းပြီလား...''

'' ထင်သားပဲ...လိုက်မှာလား..မလိုက်ဖူးလားပဲ
ပြောစမ်းပါကွာ...''

'' လိုက်မယ်..လိုက်မယ်..ခုတော့ သွားအုန်းမယ်..
ငါကိစ္စရှိသေးလို့...''

ထိုင်ခုံပေါ်ကနေ ထပြီး တဖက်သို့လှည့်လိုက်ချိန်
လူတယောက်နဲ့ တိုက်မိသွားတယ်...
သူ့ကြည့်လိုက်တော့ သူ့ပုံစံက
ကျမကို ဘယ်လိုကောင်မလေးမျိုးလည်း
ဆိုပြီး ကြည့်တယ့် ပုံစံမျိုးနဲ့။
ဂရုစိုက်မနေတော့ပဲ ကိုယ့်လမ်းကိုပဲ
ဆက်လျှောက်သွားခဲ့တယ်....

အင်းလေးကို အခြေပြုရျ် ( complete) Where stories live. Discover now