Part - 32

3.9K 216 12
                                    

အချိန်တွေကျော်လွန်ပြီး
ရှင်ဖုန်းတို့လဲကျောင်း ပြီးခါနီးပြီဖြစ်ပြီး
ရွှေအိမ်စံလဲ အကုန်လုံး ပြန်မှတ်မိ နေပါပြီ

ဒီနေ့တော့ ပိတ်ရက်မို့ အတွဲကိုယ်စီနဲ့ လျှောက်လည်ဖို့ချိန်းထားကြသည်

ရှင်ဖုန်းနဲ့ရွှေအိမ်စံကတတွဲ

စည်သူနဲ့အာကာမင်းတတွဲ

ယမင်းသော်ကတော့ သူရဲ့အသစ်စက်စက်
ရည်းစားလေးဖြစ်တဲ့ အိမ့်မှူးသွယ်နဲ့ပင်

ကျန်ရစ်သူကြီးနှစ်ယောက်ကတော့
ခေတ်မုဒြာနှင့်ခွန်းဟေသာပါပဲ။

သူတို့နှစ်ရောက်ကတော့ မအီမသာ‌ရုပ်များနဲ့သာ အတွဲများနောက် လိုက်ရတော့သည်

"ဘယ်အရင်သွားကြမှာလဲ"
ခေတ်က ရှင်ဖုန်းတို့ကိုကြည့်ကာ မေးလိုက်တယ်

ရွှေအိမ်စံက ခဏစဉ်းစားလိုက်ပြီး ရှင်ဖုန်းကို
ကြည့်ကာ
"Shoppingထွက်ရအောင်"

ရှင်ဖုန်းကလဲ ပြုံးပြုံးရီးသာ
" 'မ' သဘောပါ"

အကုန်လုံးလဲshoppingထွက်ဖို့သဘောတူလိုက်
ကြပြီး ကားကိုယ်စီနဲ့ထွက်လာခဲ့ကြသည်

Shopping mallထဲရောက်တော့ ဟိုဟာ၀ယ်ခိုက်းဒီဟာ၀ယ်ခိုင်းလုပ်နေသူတွေကတော့
အိမ့်မျှူးသွယ် ၊ ရွှေအိမ်စံ နှင့် အာကာမင်းပင်။

"Daddyဒီဟာလေးလိုချင်တယ်"
အာကာမင်း သူလိုချင်တဲ့ ပစ္စည်းလေးကိုင်ကာ
စည်သူ့နားကပ်ကာ ချွဲနေသည်

"ကလေးသဘောပါဗျ လိုချင်တာ၀ယ်‌ပါ"

"ဟီး အာ့ကြောင့်ချစ်နေရတာ"

ယမင်းသော်တို့အတွဲမှာလဲ အိမ့်မှူးသွယ်က
ယမင်းထက်၁နှစ်သာကြီးသည် သူတို့အတွဲမှာလဲ
အိမ့်မှူးသွယ်က အကြီးဖြစ်ပေမဲ့ ကလေးလိုပင် ယမင်းသော်ကို အရည်ပျော်လောက်အောင်ချွဲနိုင်သည်

" ယမင်း~~ဒါလေးလိုချင်နေတာကြာပြီ ၀ယ်ပေး
ပါလား"

"၀ယ်ပါဗျ 'မမ' စိတ်ကြိုက်၀ယ်"

" ဟီး ချစ်တယ်နော်"
Fly kissပေးပြီး သူလိုချင်တာတွေ
၀ယ်နေတော့သည်

ရှင်ဖုန်းတို့အတွဲမှာလဲ ထိုနည်းတူပင်

" 'မောင်'~~"

အချစ်ရှိရာ(Complete)Where stories live. Discover now