Part-19

5.5K 255 10
                                    

နောက်နေ့ မနက် စောစော ထပြီး လျှောက်လည်ကြတယ်အပြန်ကျ ခေတ်တို့အဖွဲ့ ၀င်ပေါက်၀မှာ ဓာတ်ပုံစုရိုက်ခဲ့ကြပါသေးတယ်

ခေတ်နဲ့ခွန်းကတော့ ရှင်ဖုန်းနဲ့ရွှေအိမ်စံနှစ်ယောက်ထဲပုံလေးတွေ ရိုက်ထားတာမှ အများရီးပေ

စည်သူကတော့ selfieတွေပဲ လှိမ့်ဆွဲနေတဲ့ အာကာမင်းကို ဓာတ်ပုံ‌ခိုးရိုက်ထားတော့သည်
အဲ့အချိန် စည်သူ့နားကို ခေတ်တစ်ယောက် ယောက်လာပြီး

"အမလေး ဓာတ်ပုံတွေအရမ်းရိုက်တယ်နော်"

"အမ် ဟို...အမှတ်တရဖြစ်အောင်ရိုက်ထားတာပါ ညီမလေးကလဲ"

"အော် အာကာတစ်ယောက်ထဲကိုပဲ အမှတ်တရအဖြစ်ရိုက်ချင်တာလား ကျန်တဲ့သူတွေကျတော့ရော"

ခေတ်က စနေတာမို့ စည်သူတစ်ယောက် ရှက်လာတော့သည်

"တော်ပါတော့ ညီမလေးရယ် လျှောက်ပြောနေပြန်ပြီ"

"သိတယ်နော် ကိုကြီး ဟွန်းးးး"
ပြောပြီး ထွက်သွားတော့ စည်သူတစ်ယောက်ထဲ ရှက်ရှက်နဲ့သာ ကျန်ခဲ့တော့သည်

နေရာတွေ အများကြီးသွားပြီးနောက် နေ့လည်စာ ဆိုင်တစ်ဆိုင်မှာ ၀င်စားကြတယ်

ခွန်းကနေပြီးတော့
"ဒီညကျ သောက်ကြမလား"

"သောက်ကျမယ်လေ"
ခေတ်ကပါ သဘောတူသည်
အကုန်လုံးကလဲ သဘောတူကြသည်

အကုန်လုံး စားသောက်ပြီး ထပ်လျှောက်လည်ကြတယ် ညနေလောက်ကျမှ ညကျ သောက်ကျစားကြဖို့ ၀ယ်ပြီးပြန်ခဲ့ကြတယ်

အကုန်လုံးhotelပြန်ရောက်တာနဲ့ ရေချိုးပြီး ခဏနားလိုက်ကြတယ် ညကျတော့မှသောက်ကျဖို့ ပြန်ထွက်လာကြတယ်

အကုန်လုံးလူစုံတာနဲ့ ခေတ်ကနေပြီး

"ငါတို့ဂိမ်းတစ်ခု ဆော့ကြမလား"

"ဘာဂိမ်းလဲ"
ယမင်းက မျက်ခုံးလေးပင့်ကာ မေးလိုက်တယ်

"ဂိမ်းက ဒီလိုကွာ...ရေဘူးလှည့်မယ် လှည့်ပြီးလို့ ရပ်သွားတဲ့နေရာမှာ ကျတဲ့သူ့ကို တခြားတစ်ယောက်က မေးခွန်းမေးရမယ် ဖြေရင်ဖြေ မဖြေရင် သောက်ရမယ် ဘယ်လိုလဲ"

အချစ်ရှိရာ(Complete)Unde poveștirile trăiesc. Descoperă acum