Part-12

4.1K 275 7
                                    

Morning 🌄

မနေ့ညက ဘယ်လိုအိပ်အချိန်အိပ်ပျော်သွားလဲမသိပါ မနက်ကျ မမက ဖုန်းဆက်မနှိုးတော့ နောက်ကျမှထပါသည် ကြည့်ရတာ မမ စိတ်ဆိုးနေသည်ထင်
မနေ့ညကလဲ စကားမပြောဘူး အခုလဲ မနှိုးဘူး

ဒီနေ့ အခွန်းတို့နဲ့ အပြင်သွားမှာမို့ ဘာမှမတွေးနေတော့ပဲ ထကာ မျက်နှာသစ် ရေချိုးပြီး ထွက်လာခဲ့လိုက်တော့တယ်

ဟိုရောက်တော့ မျောက်နှကောင်က ရောက်လို့
မုန့်တောင်စားနေကြပြီ

"နင်တို့တွေနော် မစောင့်ကြဘူး ငါ့ကို"

"ငါတို့စောင့်နေတာပဲလေ နင်မှရောက်မလာတာ
အဲ့တာကြောင့် စားနှင့်လိုက်တာ"

"ခွန်းဟေသာရေ နင့်ပါးစပ်ထဲကဟာ ကုန်မှ ရှင်းပြ ပါးစပ်ထဲမှာလဲ ထိုးထည့်ထားတာ အပြည့်ပဲ သေကုန်အုန်းမယ်"

"နင်ကလဲ"

မင်းအာကာတစ်ယောက် ဆိုင်ထဲ၀င်လာကတည်းက ရှင်ဖုန်းကိုသတိထားမိပါသည် ပုံမှန်မဟုတ်ပါ စိတ်ရှုပ်နေပုံ

"ဟဲ့ အဖုန်း ဘာဖြစ်နေတာလဲ နင့်မျက်ခွက်က"

"ဘာမှမဖြစ်ပါဘူး"

"နင့်မမနဲ့အဆင်ပြေနေပြီဆို နင်ပျော်နေရမှာမလား"

"မပျော်နိုင်ဘူးဟေးးး မမ စိတ်ဆိုးနေတယ်"

"ဟမ် ဘယ်လိုဖြစ်ပြန်တာလဲ"

ရှင်ဖုန်းလဲရှင်းပြလိုက်တော့တျ၏၏ယ်

နင်က ရစ်နေတော့ စိတ်ဆိုးသွားတာနေမှာပေါ့ နင့်မမကိုစာပို့ကြည့်ပြီးပြီလား"

"ဟင့်အင်း မပို့ကြည့်ရသေးဘူး"

"‌အော် စာမပို့ကြည့်ပဲစိတ်ဆိုးနေတယ် လာပြောနေတယ် စာအရင်ပို့ကြည့်တာမဟုတ်ဘူး"

"နင်ကလဲ ဟိုက မနက်တိုင်းပို့နေကြစာလေးတောင်မပို့တာကို ငါကဘယ်လိုစာအရင်ပို့ကြည့်ရမှာလဲ"

"အရင်ပို့ကြည့်စမ်းပါ"

"ဟာ နင်ကလဲ"

"အဟွတ် အဟွတ်!"
အခွန်းတစ်ယောက် ပလုတ်ပလောင်းမုန့်စားနေရင်း သီးသွားတာမို့ ရှင်ဖုန်းနဲ့ အာကာမင်းမှာ လန့်ဖြန့်

အချစ်ရှိရာ(Complete)Where stories live. Discover now