Part-23

3.9K 209 4
                                    

ညရောက်တော့ ခွန်းတို့စုံနေကြbarမှာတွေ့ကြတယ်

ရှင်ဖုန်းကတော့ ခွန်းတို့ထက်ပင် စောရောက်နေသည်

(ဒီလိုကိစ္စမျိုးဆို တက်ကြွနေရော ဒေါ်အဖုန်းတို့က‌)

ခွန်းတို့ရောက်လာတော့ ရှင်ဖုန်းက သူတို့ကိုတောင်
မစောင့်ပဲ တစ်ယောက်ထဲ သောက်နေသည်လေ

"အဖုန်းမ ငါတို့ကိုတောင်မစောင့်ဘူး တစ်ယောက်ထဲ သောက်နေတယ်"

"နင်တို့ကကြာနေတာကို"

"နင်ကိုက စောနေတာ!"

"နင်ကိုက စောနေတာ!!"

ပြိုင်တူပြောလိုက်တဲ့ အာကာနဲ့ခွန်းကြောင့် ရှင်ဖုန်း
သောက်နေတာတွေတောင် သီးမတက်

"ဖြေးဖြေးပြောကြပါဟ"

"ဖြေးဖြေးပဲပြောနေတာပဲ"

အာကာက ထိုနှစ်ယောက်အကြောင်းသိတာမို့
စကားဖျက်လိုက်ရတယ်

"သွားကကြမလား"

ရှင်ဖုန်းကတော့မကချင်ကြောင်းငြင်းပြီး ကျန်ခဲ့သည်
ခွန်းဟေသာနဲ့အာကာမင်းကတော့ သွားကနေတော့တယ်

ရှင်ဖုန်းတစ်ယောက်ထဲ ‌အေးအေးဆေး‌ဆေး
သောက်နေတုန်း အနားရောက်လာပြီး ခန္ဓာကိုယ်ကို ပွတ်သီးပွတ်သပ်လုပ်နေတဲ့ ကောင်မလေး

သူကတော့ ခြူးငုံထက် ပါ!

"ဟိုင်း ရှင်ဖုန်း တစ်ယောက်ထဲလား"

"မဟုတ်ဘူး! ငါ့သူငယ်ချင်းတွေနဲ့"

ပွတ်သပ်နေတဲ့ သူမရဲ့လက်တွေကို ဖယ်ချလိုက်ပြီး
ပြန်ပြောလိုက်တယ်

"အာ....မင်းက တို့ကိုဆို ဘာလို့ အဲ့လိုပုံစံပဲ ဆက်ဆံနေရတာလဲကွာ ၀မ်းနည်းလာပြီ~~"

"ဒီမှာ...ငါက ဘယ်သူ့အပေါ်မှ ချိုချိုသာသာ
မပြောတတ်ဘူး! အထူးသဖြင့် မင်းအပေါ်ဆို ပိုဆိုးပဲ!"

"Hak! တို့လို ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးမျိုးကို စိတ်မ၀င်စားဘူးတဲ့လား"

"....."

"ရှင်ဖုန်းမှာ..... စိတ်၀င်စားနေတဲ့ လူ ရှိလို့လား"

"အဲ့တာ မင်းအလုပ်လား"

"အာ....ဒီတိုင်းသိချင်လို့ပါ"

အချစ်ရှိရာ(Complete)Where stories live. Discover now