ဒီလိုနဲ့ ၂လလောက်ကြာသွားခဲ့ပြီ
မမနဲ့ဆက်ဆံရေးကလဲ ရည်းစားသာမဟုတ်တာ လုံး၀ရည်းစားလိုမျိုးပင် မမက အခုနောက်ပိုင်း ပိုပိုပြီးလဲချွဲတတ်လာပါသည် ပိုပိုပြီးလဲချစ်ဖို့ကောင်းလာပါတယ်ဒီနေ့ မမနဲ့အပြင်သွားဖို့ပြောထားတာမို့
စောစောထရပါသည် မျက်နှာသစ်ရေချိုးပြင်ဆင်ပြီး မမတို့အိမ်ကိုထွက်လာခဲ့ပါတယ်မမတို့အိမ်ရှေ့ရောက်မှ မမကိုဖုန်းခေါ်လိုက်ပါတယ်
"ဟလို မမ"
"ဟလို ရှင်ဖုန်း"
"အိမ်ရှေ့ရောက်နေပြီနော်"
"အော် ရောက်နေပြီလား ထွက်လာကတည်းက ဖုန်းဆက်တာမဟုတ်ဘူး ဒီမှာ ဘာမှမပြင်ဆင်ရသေးဘူး"
"ရပါတယ် မမရဲ့ ဖြေးဖြေးလုပ်ပါ စောင့်နေမယ်"
"အင်း အိမ်ထဲ၀င်ခဲ့လေ"
"အာ...ဟုတ်"
အိမ်တံခါးခေါက်တော့ မမ လာဖွင့်ပေးပါတယ် ပါးစပ်ထဲမှာ ပေါင်မုန့်လေးကိုက်ထားပြီး သော့ဖွင့်ပေးနေသည်လေ
တံခါးဖွင့်ပြီးတာနဲ့ ရှင်ဖုန်းတစ်ယောက် ရွှေအိမ်စံပုခုံးကိုကိုင်၍အနားသို့ဆွဲခေါ်ကာ ပေါင်မုန့်ရဲ့ နောက်တစ်ဖက်ကို ကိုက်ကာစားလိုက်ပါတယ်
ရွှေအိမ်စံကတော့ မျက်လုံးပြူးလျက်သာကြည့်နေပါတော့ယတ် သတိပြန်၀င်လာမှ ရှင်ဖုန်းလက်မောင်းကိုရိုက်ကာ ပါးစပ်မှာကိုက်ထားတဲ့ပေါင်မုန့်ကိုဖယ်ပြီး ဆူပါတော့တယ်
"အမေရှိတယ်လေ ဘယ်လိုဖြစ်!"
"မမကလဲ ဗိုက်ဆာလို့ကို"
"ဗိုက်ဆာရင် အိမ်မှာတခါတည်းစားသွားလေ
ငါ ရေသွားချိုးလိုက်အုန်းမယ်""ဟုတ်ကဲ့"
ခဏနေတော့ မမက ရေချိုးဖို့ထွက်သွားပါတော့တယ် မမချပေးခဲ့တယ်မုန့်တွေကော်ဖီတွေစားပြီး မမ
အမေနဲ့....အမ်..ဘယ်လိုပြောရမလဲ
အနာဂတ် ယောက်ခမလောင်းရီးနဲ့ပေါ့နော် စကားပြောရင်းသာစောင့်နေလိုက်ပါတယ်"သမီးနာမည်က ရှင်ဖုန်းလား?"
"ဟုတ်ပါတယ် အန်တီ"
YOU ARE READING
အချစ်ရှိရာ(Complete)
Romanceတစ်ဘ၀လုံး 'မ'ကိုသာချစ်မည် 'မ'ကိုသာမြတ်နိုးမည် 'မ'ဆီမှာသာအကျရှုံးခံမည်