Part - 27

3.5K 194 10
                                    

1နာရီကျော်လောက် သွားရတဲ့နေရာကို
မိနစ်၃၀နဲ့ ရောက်ဖို့ဆိုတာ မဖြစ်နိုင်

နေသစ်ဖုန်းဆက်ဆက်ပြီးချင်း ရှင်ဖုန်း တခေါင်းလုံး ပူထူသွားသည်

ခွန်းတို့ကို အကုန်နီးပါးပြောပြခဲ့ပြီး
အိမ်ကနေ အမြန်ဆုံး ထွက်လာခဲ့လိုက်သည်

***********************
မိနစ် ၃၀ကျော်သွားပြီ ရှင်ဖုန်းရောက်မလာသေး
ရွှေအိမ်စံလဲ မျက်ရည်များကျလျက် ရှင်ဖုန်းရောက်လာဖို့သာ ဆုတောင်းနေမိသည်

နေသစ်က မိနစ်၃၀ကျော်ပြီမို့ နေသစ်က
ယုတ်မာစွာ ပြုံးလိုက်ပြီး ဓါးပါးတစ်ခုယူလိုက်ပြီး
ရှင်ဖုန်းရောက်လာတဲ့အထိ ၅မိနစ်တခါ ‌ဓားဖြင့်
ခြစ်ရာများလိုက်ပေးနေတော့သည်

ရွှေအိမ်စံ မျက်ရည်များကျလာကာ အသံ
သဲ့သဲ့လေးပါထွက်လာသည်

နေသစ်က ရှင်ဖုန်းကိုဖုန်းထပ်ခေါ်လိုက်ပြီး

NT - Hey!ရောက်မလာသေးပါလား ရှင်ဖုန်း မင်းသိလား ဖြူဖွေးနေတဲ့အသားထဲကထွက်လာတဲ့ အနီ‌ရောင်အရည်တွေက တော်တော်လှတာပဲ ဟက်!

XP - တောက်စ် နေသစ်!! မင်း သူ့ကိုထပ်ထိဖို့မစဉ်းစားနဲ့!!

NT - မင်းသာအရင်ရောက်အောင်လာအုန်း ခဏ
ဒီမှာ နားထောင်ကြည့်လိုက်

နေသစ်ပြောလိုက်ပြီး ဖုန်းကို ရွှေအိမ်စံနားကပ်ကာ
ကျောကို ဓားဖြင့် ခြစ်လိုက်‌တော့ ရွှေအိမ်စံ
အော်လိုက်မိပါသည်

"အား!"

XP - 'မ'!!

NT - အမြန်လာနော် မဟုတ်ရင်....သိတယ်မလား

ပြောပြီးဖုန်းချသွားသည် ရှင်ဖုန်းကတော့ မျက်နှာက
ခုနကထက် ပိုတင်းမာလာကာ ကားကို အရှိန်တင်ကာမောင်းလိုက်သည်

အနက်ရောင်ပြိုင်ကားလေးဟာ အရှိန်ဖြင့်
အဝေးပြေးလမ်းမပေါ်က အိမ်တစ်အိမ်စီသို့....

***************
ရွှေအိမ်စံ အော်ဖို့လဲအားမရှိတော့သလို
လှုပ်လဲမလှုပ်နိုင်တော့ပါ
သတိမေ့မတတ်ကို ပင်ပန်းနေ‌သည်

ခြူးငုံထက်က ရွှေအိမ်စံနားရောက်လာပြီး
မျက်နှာကို ဆွဲလှည့်ကာ

အချစ်ရှိရာ(Complete)Where stories live. Discover now