ရှင်ဖုန်းကတော့ သူ့မမနဲ့စာသင်ရကတည်းက စာလုပ်ရတာ ပိုပိုသဘောကျနေပါသည်လေ
အခုတော့ မမ အလုပ်ကိစ္စနဲ့ခရီးသွားလို့ စာမသင်ဖြစ်ပါ စကားလဲမပြောဖြစ်တာမို့ လွမ်းလှသည်
မမ အခုပ်ကိစ္စနဲ့ခရီးသွားတာ၅ရက်ရှိပြီလေ ၁၅ရက်လောက်ကြာမှာမို့၁၀ရက်တောင်ကျန်သေးသည်
ရှင်ဖုန်းမှာတော့ သူ့မမကိုလွမ်းလာတာမို့ တချက်တချက်မျက်နှာက ငိုမဲ့မဲ့....
ဒီနေ့လဲကျောင်းပိတ်ရက်မို့ အိပ်ယာထဲမှာသာ
ဟိုလှိမ့် ဒီလှိမ့်မမကတော့ ၁၅ရက်စာ အိမ်စာတွေပေးခဲ့ပါသည်
ရှင်ဖုန်းကစာတော်တဲ့သူမို့ စာအကြာကြီး ကျက်စရာ
မလို အကုန်ရသည်လေအဲ့အချိန် ဖုန်းဝင်လာတာမို့ ကြည့်လိုက်တော့လည်း နံပါတ်စိမ်းတစ်ခုသာ ဘယ်သူမှန်းလဲမသိ ကိုင်လိုက်တော့ ထွက်လာတဲ့ စိတ်ပျက်စရာအသံတစုံ
"ဟလို"
"ဟလို ရှင်ဖုန်း~~"
"ဘယ်သူလဲ?"
"အာ တို့ကိုမေ့သွားပြီလား"
"မမေ့ဘူး တမင်မေးတာ ဘာကိစ္စဖုန်းဆက်တာလဲ"
"ဒီတိုင်း လွမ်းလို့ပါ"
"စိတ်ပျက်လိုက်တာ မင်း ငါ့ဖုန်းနံပါတ် ဘယ်ကရလဲ"
"ဒီလိုပဲ စုံစမ်းရတာပေါ့ ရှင်ဖုန်းရဲ့ ရှင်ဖုန်းကော
တို့ကိုမလွမ်းဘူးလား""၁၀ခါပြန်လဲသေလိုက် ဖေ*ိုးမ"
ဖုန်းချပလိုက်တော့သည်
မမကိုလွမ်းနေပါတယ်ဆို ရုံးပတေသီးမက သူ့ကို
မလွမ်းဘူးလား လာမေးနေတာမို့ စိတ်ပေါက်ပေါက်နဲ့ ဆဲထလိုက်တော့တယ် စိတ်ညစ်လိုက်တာနော်!!ခဏကြာတော့ အမေကအောက်ခပ်ကလှမ်းအော်ပါသည်
"ရှင်ဖုန်းရေ ဒီမှာ ခွန်းတို့ရောက်နေတယ်နော်!!"
"ဟုတ် လာပြီ အမေ!"
အောက်ထပ်ဆင်းပြီး ထိုနှစ်ကောင်ကို အပေါ်သာခေါ်ခဲ့လိုက်တော့သည်
"အဖုန်းရေ ရုပ်က မပျော်မရွှင်နဲ့ ဘာဖြစ်နေရတာတုန်း"
အာကာမင်း လှမ်းမေးလိုက်သည်
YOU ARE READING
အချစ်ရှိရာ(Complete)
Romanceတစ်ဘ၀လုံး 'မ'ကိုသာချစ်မည် 'မ'ကိုသာမြတ်နိုးမည် 'မ'ဆီမှာသာအကျရှုံးခံမည်