Part-6

4.8K 330 13
                                    

အိမ်ပြန်ရောက်တော့လဲ ရှင်ဖုန်းတစ်ယောက်
ဂနာမငြိမ်ပါ

သူ့မမကိုစာပို့ရင်ကောင်းမလား စဉ်းစားနေသည်လေ

သူ့ဘက်ကလဲအရင်မပို့ချင် စကားကလဲပြောချင်ဖြစ်နေမိသည်

ညနေကတည်းက စာတစ်ကြောင်းကိုပို့ဖို့ရေးလိုက်ဖျက်လိုက်လုပ်နေမိတာ ညပင်ရောက်နေပြီလေ

နောက်ဆုံးတော့ သူငယ်ချင်းမ ခွန်းကိုသာ
အကြံတောင်းဖို့စဉ်းစားလိုက်တယ်

In message box

XP - ဟဲ့ ခွန်း

ခွန်း - အေ ပြော

XP - ဟိုလေ ငါမေးစရာရှိလို့

ခွန်း ‌- အေးမေးလေ

XP - နင်ဘယ်သူ့ကိုမှပြန်မပြောနဲ့နော်

ခွန်း - အမလေးဟဲ့ ဘာကိစ္စမို့လို့တုန်း ပြော ပြော

XP - လူတစ်ယောက်ကိုချစ်မိရင်ဘယ်လိုခံစားရလဲဟမ်

ခွန်း - အခုပြောနေတာရှင်ဖုန်းမှဟုတ်ရဲ့လား ဘယ်သူ့ကိုချစ်မိနေလို့လဲ အချေတော်ရေခဲတုံးမရဲ့

XP - ဟာ နင်ကလဲ ငါမေးတာပဲဖြေစမ်းပါ

ခွန်း - umm.....ဘယ်လိုပြောရမလဲ သူ့ကိုတွေ့ရင် အရမ်းစိတ်လှုပ်ရှားနေတာမျိုး ရင်အရမ်းခုန်နေတာမျိုး မျက်လုံးချင်းတောင်စုံအောင်မကြည့်ရဲတာမျိုး ပြီးတော့ ခဏခဏစကားပြောချင်တွေ့ချင်နေတာမျိုးပေါ့
(သာသာလဲမသိတော့ပါဘူး သိသလိုပဲ
ရေးလိုက်ပါတယ်)

XP - အော်....

ရှင်ဖုန်းစတင်တွေးနေပါပြီ

ဒါဆို...ငါ ဟိုမမကိုချစ်နေတာလား ငါကလေ ငါ့လိုဘယ်မိန်းမယောက်ျားက်ုမှ 5စက္ကန့်ထပ်ပိုမကြည့်တဲ့ငါက....တကယ်ချစ်မိသွားတာလား!?

တွေးနေတာတွေခဏဖျက်လိုက်ပြီး အခွန်းမကိုစာပြန်ပို့လိုက်တယ်

XP - အင်း ပြောပြလို့ ရှဲရှဲပါ

ခွန်း - နေပါအုန်း နင်ကဘာလို့သိချင်ရတာ‌လဲ

XP - ဒီတိုင်းပဲ မေးကြည့်တာပါ

ခွန်း - အဖုန်းမ မလိမ်စမ်းနဲ့ ပြောစမ်းဘာ

အချစ်ရှိရာ(Complete)Where stories live. Discover now