အခန်း ၈ (အပိုင်း ၂)

Start from the beginning
                                    

သရုပ်ဆောင်တွေက သရုပ်ဆောင်တာ အရမ်းကိုကောင်းသည်။အပြုအမူတွေ အမူအရာတွေကလည်း ရင်ထဲထိစေတဲ့ထိ ကောင်းမွန်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပင်

ဇာတ်ကားကြည့်နေရင်း ရုပ်ရှင်ရုံထဲက မိန်းကလေးတွေက ဇာတ်လမ်းနဲ့စီးမျောနေတဲ့ချိန် တစ်ယောက်ကတော့ စိတ်အခြေအနေကို ဖျက်ဆီးလို့နေသည်။ လူတိုင်း ငိုနေတဲ့အချိန် ထရယ်တာမျိုး မုန့်စားတဲ့အသံတွေ ထွက်လာတာမျိုးပေါ့

နောက်တစ်ခါ ထပ်ပြီး ဒေါသတကြီးစိုက်ကြည့်ခံရတော့ ယောင်ယောင်က ဟမ်ဘာဂါကို တိတ်တိတ်လေးကိုက်ကာ ချင်းကျင်းကိုကြည့်ပြီး "ရယ်ရတယ်မထင်ဘူးလား?"

ချင်းကျင်းက သူမကိုလျစ်လျုရှုထားသည်။ တကယ်တန်း ဒါက ယောင်ယောင်ကို အပြစ်တင်လို့တော့မရ ပြန်လည်မွေးဖွားလာတဲ့သူတစ်ယောက်အနေနဲ့ ဒီ ဇာတ်ကြောင်းက တအား ရိုးလွန်းတယ်လေ သူမက နတ်ဘုရားပေါင်းစုံကိုအတွန့်တက်လာတဲ့သူ ရယ်ရတဲ့အကြောင်းအရင်းကိုပြောပြရင်တောင် တခြားသူတွေက ယုံမှာမှမဟုတ်တာ

မရယ်ချင်ပေမယ့်လည်း မအောင့်ထားနိုင်ဘူး

အဆုံးသတ်ကို မြင်တော့ ယောင်ယောင် အမူအရာပြောင်းသွားသည်။

အဖြူနဲ့အမဲ စခရင်ပေါ်မှာ အမျိုးသားဇာတ်ဆောင်က အမျိုးသမီးဇာတ်ဆောင်နဲ့အတူ စက်ဘီးနဲ့ မက်မွန်ပန်းတွေပွင့်နေတဲ့ မက်မွန်တောထဲ ဖြတ်သွားနေတာပင်

နောက်တစ်ခန်းကျ သူတို့နှစ်ယောက်လုံးအိုသွားကြပြီ အမျိုးသားဇာတ်ဆောင်ဆို ခြေထောက်တွေလည်းမသန်တော့ စက်ဘီးမစီးနိုင်တော့ဘူး အမျိုးသမီး ဇာတ်ဆောင်က သူ့ကိုပြန်သယ်ရတာပင် မက်မွန်ပန်းတွေကလည်း မရှိတော့ဘူး သူတို့နှစ်ယောက်ပဲ ကျန်တော့တာ

ထိုလူအိုစုံတွဲက ပြုံးလိုက်ကြသည်။ လက်ချင်းချိတ်လို့ the end

ရုပ်ရှင်ရုံထဲကထွက်တော့ လူတွေအားလုံးတိတ်ဆိတ်လို့ ယောင်ယောင်ကတော့ ဘာမှမထူးခြား ချင်းကျင်းက စက်ဘီးကိုသွားယူလိုက်သည်။ ယောင်ယောင်က ထိုင်ကာ သူ့ခါးကိုဖက်လိုက်သည်။

"ချင်းကျင်း နင်အခု ငါ့ကို သယ်နေတာ နင်လမ်းမလျှောက်နိုင်ရင် ငါနင့်ကိုသယ်မယ်"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now