4.10

368 37 2
                                    

Unicode

Golden ကုမ္ပဏီရဲ့ CEO ရုံးခန်းထဲမှာတော့

CEO........ ထယ်ဆွန်း တို့ဂိုဏ်းကိုတိုက်ခိုက်မယ်ဆိုတာ ဘယ်လိုကဘယ်လိုရိပ်မိသွားကြတာလဲ အဲဲ့ဒီ့ကိုသွားတဲ့သူအကုန်လုံးလည်းတစ်ယောက်မကျန် အသတ်ခံလိုက်ရတယ်
ပြောပါအုံး ဒါဘယ်လိုဖြစ်ကုန်တာလဲ ခေါင်းဆောင်.........

ခေါင်းဆောင်........ CEO ကျတော်တို့သတင်းပေး ပြောတဲ့အတိုင်း သွားခဲ့တာပါ
ထယ်ဆွန်းတို့ဂိုဏ်းကိုလုပ်ကြံဖို့ အနီးနားထိ ရောက်နေပီလို့တောင် ကျတော့်ကိုသတင်းပို့ခဲ့သေးတာပါ ဘယ်လိုလုပ်သတင်းပေါက်ကြားသွားလဲဆိုတာတော့.........

CEO......... ဟုန်းမြောင်ဂျွန်းရဲ့သမီး ကော ဘယ်မှာလဲ.........

ခေါင်းဆောင်............mission လုပ်ဆောင်နေပါတယ်.........

CEO....... ပေးအပ်လိုက်တဲ့တာဝန်က
ထယ်ဆွန်း တို့ဂိုဏ်းအကြောင်းစုံစမ်းတဲ့ သတင်းပေးကို သတ်ဖို့တော့မဟုတ်ပါဘူးနော်.........

ခေါင်းဆောင်........ CEO အဲ့ဒါက နောက်ကြောင်းရှင်းဖို့........

CEO........ ငါထင်တဲ့အတိုင်းဟုတ်နေတာပဲ
သူဖမ်းထားတဲ့မိန်းကလေးတွေကော သူတို့ကိုတွေ့လား.......

ခေါင်းဆောင်......... ကျတော်တို့ရောက်သွားတဲ့အချိန် သတင်းပေး သေနေတာကိုပဲတွေ့ခဲ့ပါတယ် မိန်းကလေးတွေကိုတော့မတွေ့ခဲ့ပါဘူး........

CEO........... ဒါဆို အဲ့မိန်းကလေးတွေက ဘယ်ရောက်သွားတာတုန်း အခုချက်ချင်းစုံစမ်းပါ ဖောက်သည်တွေသာ ဒီကိစ္စသိသွားခဲ့ရင် ငါတို့အတွက် အန္တရာယ်ပဲ
ပီးတော့ ဟုန်းဂျီအန်း အဲ့ဒီ့မိန်းကလေးကိုရှာ
သူမကိုခေါ်လာနိုင်ရင် သူမ ရဲ့ညီမကိုခေါ်လာနိုင်ရင် Golden က ကြီးကြီးမားမားဆုချမယ်လို့ ထုတ်ပြန်လိုက်.........

ခေါင်းဆောင်......... ဟုတ်ကဲ့.........

CEO......... နေအုံး ထယ်ဆွန်းတို့ဂိုဏ်းဘက်က ဘာလှုပ်ရှားမှုတွေတွေ့သေးလဲ........

ခေါင်းဆောင်..........ကျတော်လဲ အဲ့ဒါကိုစိတ်ထင့်နေတယ်
သူတို့ဘက်က တကယ်ဆို လက်တုံ့ပြန်တာဖြစ်ဖြစ် လုပ်ရမှာကို ငြိမ်နေတာကြီးက ထူးဆန်းနေတယ်.........

villain systemWhere stories live. Discover now